Part 18

4.4K 349 3
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 18
-------------
ပွဲကမနက် ၉နာရီမို့လို့ ရှောင်ကျန့်မှာအစောကြီးထပြီး မှန်ရှေ့မှာ
ပြင်နေတာ တော်တော်ကြာနေပါပြီ ။

"ရပြီ..."

လည်ပင်းနားမှာတစ်ခုခုကလိုအပ်နေသလိုပါပဲ သေချာတယ် နက်ခ်
တိုင်ပဲပေါ့ ရှောင်ကျန့်စိတ်ပျက်သွားသည် နက်ခ်တိုင်မှ မရှိတာကို
မြို့အုပ်၀မ်အခန်းထဲကမထွက်ခင်က ကုတင်ပေါ်အထုတ်လေးတင်
ပေးသွားတာတောတွေ့တယ် အခုထိဖွင့်မကြည့်ရသေးဘူး ။

ဖွင့်ကြည့်လိုက်တော့မှ ဘူးလေး၃ဘူးရှောင်ကျန့်ပထမဆုံးဘူးကို
ဖွင့်လိုက်တော့ နှာခေါင်းရူံ့သွားသည် ဒီအဖိုးကြီးအဆင်ကိုပဲ ၀ယ်
လာတာပဲ ‌ကျန်တဲ့နှစ်ဘူးကိုဖွင့်ကြည့်လိုက်တော့သူရွေးထားတဲ့
ဟာလေးနှစ်ခုကြောင့်ပြုံးပျော်သွားပြီး မှန်ရှေ့မှာတပ်ကြည့်လိုက်သည်။

"မပေါ်ဘူး..."

"မလိုက်ဘူး...."

ရှောင်ကျန့်ရွေးထားတဲ့နှစ်ခုလုံးက သူ၀တ်ထားတာနဲ့မလိုက်ဖက်ပါ
‌သက်ပြင်းချလိုက်သည် ဟိုတစ်ခုနဲ့ဆိုရင်ရော...သူလုံး၀ငြင်းထား
သော နက်ခ်တိုင်ကိုတက်ကြည့်တော့မှ သူ၀တ်ထားတာနဲ့အံကိုက်
ပေါ်လွင်ပြီး လိုက်ဖက်သည် မှန်ရှေ့မှာရပ်ပြီး ဟိုလှည့်ဒီလှည့်
လုပ်နေလိုက်သေးသည်။

"မှန်ကြီးရေ...ကမ္ဘာပေါ်မှာဘယ်သူက အချောဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးလဲ....ငါပဲပေါ့.."

နာရီကိုကြည့်တော့ အချိန်နီးနေလေပြီမို့ ကုတ်အရှည်ကိုဆွဲကာ
ပြေးထွက်တော့သည် အောက်ရောက်တော့ မြို့အုပ်၀မ်ကအဆင်သင့် လက်ထဲမှာဖိတ်စာကိုပါကိုင်ထားသေးတယ် သူလာတော့မော့ကြည့်
သည်။

"ဟိုဟာ...မြို့အုပ်၀မ်စကားကိုနားထောင်တာမို့ ဒါလေးတပ်ထားတာ"

"...."

"ကျန့်ကျန့်အခု ဘယ်လိုနေလဲ"

"ကောင်းပါတယ်"

"ဒါပဲလား....ချစ်ဖို့ရောမကောင်းဘူးလား"

"အင်း...ကောင်းပါတယ်"

"ဟီး....မြို့အုပ်၀မ်လည်းခန့်ပါတယ်ဗျ"

"သွားကြရအောင်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now