Extra

3K 168 4
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
extra
----------
ယနေ့ကရုံးပိတ်ရက်ကျောင်းပိတ်ရက်ဖြစ်ပေမဲ့လည်း
အိမ်မှာရှိနေတာက မြို့အုပ်၀မ်နဲ့ကလေးတွေဖြစ်ပြီးတော့
မရှိတာက ရှောင်ကျန့်ဖြစ်နေလေရဲ့ သူငယ်ချင်းချွင်းရန်
ရဲ့မွေးနေ့မို့လို့သူတို့သူငယ်ချင်းတွေပဲစုပြီး သွားစားကြလေရဲ့။

"မင်းတို့ပါးပါးကလည်း ဘယ်တော့ပြန်လာမလဲမပြောသွားဘူး"

"ဖေဖေကလည်း မီးမီးတို့ပါးပါးဆိုရင်ပြောမယ်ဆိုတာကြီးပဲ"
"ဟုတ်တယ်"

"နင်တို့ကလည်း ပါးပါးက ဘယ်အချိန်ပြန်လာမယ်မှန်းမပြော
သွားလို့ ဖေဖေကစိတ်ပူနေတာကို"

"ကိုကိုစော်အောကဘာသိလို့လဲ"

"ဟိတ်...ဟိတ်...တော်‌တော့ရန်မဖြစ်နဲ့ ဖေဖေမကြိုက်ဘူး"

"ဟုတ်ကဲ့"

အမြဲတမ်းနေ့တိုင်းလိုလိုပဲ ‌စော်အောနဲ့သူ့ညီမတွေကမတည့်
မြို့အုပ်၀မ်ဘက်ပါတာဆိုရင် စော်အောပဲရှိပြီးတော့ ရှောင်ကျန့်ဘက်ကဆိုရင်တော့ သမီးမိန်းကလေးနှစ်ယောက်လုံးပါတယ် ။

သမီးမိန်းကလေးချစ်တတ်သော မြို့အုပ်၀မ်မှာ စော်အောနဲ့
အမွှာလေးနှစ်ယောက်ကိုချစ်ပေမဲ့လည်း သမီးတွေကိုပိုချစ်သည် ဒါပေမဲ့လည်း သူတို့တွေက ရှောင်ကျန့်ဘက်ပဲပါတယ်။

"ဖုန်းလေးဘာလေးဆက်တာမဟုတ်ဘူး လာပါစေဦး
ဒီဟာလေး...မှတ်လောက်သားလောက်အောင် ပညာပြဦးမယ်"

မြို့အုပ်၀မ်ကသတင်းစာကိုဆွဲကာထိုင်ဖတ်နေလေတယ်
စော်အောကတော့ စင်ပေါ်ကTvရီမုဒ်ကိုယူကာ ဖွင့်ကြည့်လိုက်သည် ကာတွန်းကားတွေလာပေမဲ့လည်း စော်အောက
ယောကျာ်းလေးဆိုတော့ နိုင်ငံခြားကားတွေပဲကြည့်တာများတယ် အထူးသဖြင့် ဒိုင်နိုဆော ဇာတ်ကားတွေပေါ့။

"ဟာ...အဲ့ဒီကာတွန်းကားလေးထားပေး"

"ဘာလို့ထားပေးရမှာလဲ...ငါအရင်ယူတာ နင်တို့လိုချင်ရင်
ကိုယ့်ဘာသာကိုယ်အစထဲကဖွင့်ပါလား"

"ကိုကိုစော်အောကလည်း..တစ်ပုဒ်ထဲကို "

"မရဘူး...နင်တို့တစ်ပုဒ်က၁နာရီကြာတယ်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now