Part 49

2.2K 146 5
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 49
------------
မြို့အုပ်အိမ်တော်ကနေမနက်‌စောစောလောက် ပင်လယ်ဘက်စီခရီးထွက်လာခဲ့တယ် အတော်လေးသွားရတာဖြစ်သည်။

"ဗိုက်ဆာလား.."

"...."

မနေ့ထဲက ကောက်လိုက်တဲ့အကောက်ကအခုထိကိုမပြေသေး မြို့အုပ်၀မ်သက်ပြင်းချကာ ကားခနရပ်လို့အနောက်
ဘက်စီလက်လှမ်းလိုက်သည် ပြန်ပါလာတာက မုန့်ဘူးတစ်ခု
ရှောင်ကျန့်မသိမသာကြည့်နေလိုက်သည် ဘာလဲထပ်ပြီးစဦးမလို့လား တစ်ခါပဲရမယ်နှစ်ခါမရဘူး...။

"အင့်...ယူ.."

"...."

ရှောင်ကျန့်ကမယူချေ လက်ပိုက်လို့တစ်ဖက်လှည့်ထားပြန်သည် မြို့အုပ်၀မ်ကသူ့ပေါင်ပေါ်လာတင်ပေးတာကို
သူကယူကာ မြို့အုပ်၀မ်ပေါင်ပေါ်စီပြန်တင်ပေးတယ်။

"တကယ်မစားဘူးလား..."

"ထပ်ပြီးတော့...အစမခံနိုင်ဘူး...တစ်ခါပဲအစခံမယ် နှစ်ခါမရဘူး"

"ကိုယ်စတာမဟုတ်ပါဘူး ရော့..."

"မယုံဘူး...မြို့အုပ်၀မ်ထပ်ရီမှာ ကျန့်ကျန့်သိတယ်"

"အချစ်...ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"

"မြို့အုပ်၀မ်လို့လေ ဘာဖြစ်လဲ"

"အရင်က မောင်လို့ခေါ်နေကျပါ...အခုဘာဖြစ်နေလို့‌လဲ"

"ဘာမှမဖြစ်ဘူး"

"ရေမကူးရလို့လား...."

"ဟုတ်တယ်..."

"ပေးမကူးဘူး...မကူးရဘူး..."

"ဟွန့်...မြို့အုပ်၀မ်က အကျင့်မကောင်းဘူး"

"အခု မြို့အုပ်ကတော် ဗိုက်ဆာနေချိန်မဟုတ်လား ရော့စားလိုက်ပါ"

"မစားပါဘူးဆို ! ဘာလို့ပေးပြီး ထပ်စနေတာလဲ"

"ထပ်စနေတာမဟုတ်ပါဘူးဆို"

"ဒီနေ့မွေးနေ့မို့လို့ ရန်မဖြစ်ချင်ဘူးနော်...မြို့အုပ်၀မ်"

"ပြီးရော..."

အခုချိန်ကပုံမှန်ဆိုရင် ရှောင်ကျန့်ဗိုက်ဆာနေချိန်ဖြစ်သည်
အဲ့တာကြောင့်ပဲမြို့အုပ်၀မ်က မုန့်၀ယ်ထားတာပေါ့ သူက
စတယ်လို့ထင်နေတယ် မစဘူးလို့ပြောလည်းမယုံချေ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now