Part 2

5.8K 418 5
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 2
________
Beta တွေကသာမန်လူတွေလိုပဲ ဘာဟော်မုန်းဓာတ်မှမရှိဘူး
သူတို့တွေကalpha တွေနဲ့တွဲတာလဲရှိသလိုမျိုး အချင်းချင်းပြန်တွဲ
တာလည်းရှိပါတယ်  ဒါပေမဲ့လည်းများ‌သောအားဖြင့်alphaတွေက omegaတွေနဲ့ပဲတွဲတာပိုများပါတယ် တစ်ခုကတော့ Alphaရဲ့ဟော်မုန်းနံ့ ဖြစ်စေOmegaရဲ့ဟော်မုန်းနံ့ဖြစ်စေ သူတို့ပေါ်မသက်ရောက်ပါ‌ဘူး။

မီးဆိုင်းကခပ်ကြီးကြီး စားသောက်ဖွယ်ရာတွေကလည်းစားပွဲတစ်ဆုံး ကြည့်ရတာကတော့
နှစ်ဖက်ဆွေမျိုးတွေတက်ရောက်ကြမယ်ထင်ပါတယ် ရေချိုးအ၀တ်လဲပြီး အိမ်တံခါး၀မှာသွားစောင့်နေလိုက်သည်  နှစ်ဖက်အမျိုးတွေတစ်ယောက်ပြီးတစ်ယောက် ရောက်လာတော့တာပါပဲ  မကြာဘူး စားပွဲမှာပြည့်နှက်သွားတာ
သူနဲ့ နောက်ပြီး သူ့ယောကျာ်းအတွက် ထိုင်ခုံနှစ်လုံးသာလွတ်နေ
ပါတော့တယ်။

*တီ...တီ*

ကားဟွန်းတီးသံကြောင့် သူ့ယောကျာ်းပြန်လာမယ်မှန်းသိလိုက်ပြီ
အလုပ်အိတ်ကိုလက်တစ်ဖက်ကဆွဲ လက်တစ်ဖက်ကဘောင်းဘီ
အိတ်ကပ်ထဲထည့်ကာ လှေကားပေါ်ကနေသူ့နားရောက်သည်အထိ
တက်လာတယ်။

"ကြိုဆိုပါတယ်နော်...."

"အင်း..."

အသိအမှတ်ပြုသောအနေနဲ့ အင်း တစ်လုံးသာ‌ဖြေပြီး အလုပ်အိတ်ကိုအိမ်တော်ထိန်းကြီးစီပေးလိုက်သည် ။

"ထမင်းစားဖို့အသင့်ဖြစ်နေပြီ မြို့အုပ် "

"...."

"မြို့အုပ်၀မ်...."

ဒီနေ့မနက်မှပူပူနွေးနွေးလက်ထပ်ထားပြီး သူတို့နှစ်ယောက်ကြားမှာ အခြားသောလင်မယားတွေလိုမျိုး မောင် ရေ အချစ်ရေ နဲ့မေးခေါ်
ဖို့တောင်ခက်ခဲနေကြသည် သူတို့ကအချင်းချင်းချစ်ကြိုက်လို့ယူ
တာမှမဟုတ်တာကို ဒီလောက်တော့ရှိတာပေါ့ ရှောင်ကျန့်အနေနဲ့
ကတော့ သူ့ယောကျာ်းကို တရိုတသေသာ ခေါ်တယ် ။

"ရေချိုးပြီး မြန်မြန်အောက်ဆင်းလာ‌ခဲ့နော် ထမင်းစားရအောင်..."

"အင်း..."

မှာကြားပြီးတော့သူကအိမ်ပေါ်ထပ်တက်သွားသည်ရှောင်ကျန့်
သက်ပြင်းတစ်ချက်ချကာ မိသားစုထမင်းဝိုင်းဘက်ကိုခြေဦးလှည့်
လိုက်သည် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now