Part 39

3.2K 224 7
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 39
--------------
နှစ်ဖက်မျိုးရိုးတွေကလည်း မြို့အုပ်အိမ်တော်ခြံထဲမှာ
ပြည့်နှက်နေကြပြီ ပူဖောင်းတွေရော လက်ဆောင်တွေရော
ကအများကြီးပင် ။

"မောင်...သားရော..."

"အချစ်လက်ထဲမှာမဟုတ်ဘူးလား..."

"...."

ယခုကျင်းပမှာက သားသားလေးရဲ့ရက်၁၀၀ပြည့်နာမည်
ပေးမည့်ပွဲပင် အခုဟာက သားကဘယ်သူ့လက်ထဲရောက်
လို့ရောက်မှန်းမသိ ။

"ရော့...အင့် ကလေးသေးပေါက်ချထားလို့ဘောင်းဘီချွတ်ပေးထားတယ်"

"...."

ယခုမှသူတို့လက်ထဲပြန်ရောက်လာသည် ရောက်လာတော့
လည်းဖင်ချွတ်လေးနဲ့ ရှောင်ကျန့်ကိုမြင်တော့ပြုံးပြတယ်
လက်ထဲမှာလည်းပေါင်မုန့်လေးကကြေမွှလို့ ပါးစပ်တစ်ဝိူက်
မှာလည်းပေါင်မုန့်မူန်တွေနဲ့ပေရေလို့နေတယ်။

"မောင်သွားလုပ်ပေးလိုက်မယ်"

"ဟင့်အင်း...ကျန့်ကျန့်လုပ်မှာ မောင်သားသားကိုမထိရဘူး"

"ဘာဖြစ်လို့လဲ"

"မောင့်လက်ထဲရောက်ရင်မောင်ကသူ့ကိုပဲချီထားမှာ ကျန့်ကျန့်ကိုရှိတယ်လို့သတ်မှတ်မှာတောင်မဟုတ်တော့ဘူး"

"...."

"ကဲ ကိုယ်တော်ချောရေ လုပ်ပေးရင်လည်းမြန်မြန်သွားလုပ်ပေးပွဲစတော့မယ်"

"အင်း..."

ရှောင်ကျန့်ကချီလို့အပေါ်တက်သွားတယ် မြို့အုပ်၀မ်ကသာ
အောက်မှာကျန်နေခဲ့သည် ကလေးတောင်ရနေပြီပဲ
ရှောင်ကျန့်ကလေးဆန်‌သောစိတ်ကပျောက်မနေဘူး ။

"ကြည့်ပါဦး လှလှလေး၀တ်ပေးထားပါတယ်ဆိုမှ သေးပေါက်ချလိုက်တယ်ပေါ့လေ"

"ခစ်...ခစ်"

မြို့အုပ်၀မ်နဲ့တူအောင်လို့ အပေါ်ကအဖြူလက်ရှည်လေးနဲ့
အောက်ကဘောင်းဘီနက်ပြာလေးနဲ့ဆင်ပေးထားတာကို
ဒီဟာလေးကသေးပေါက်ချလိုက်တယ်လေ ပေါက်ကိုပေါက်နိုင်လွန်းတယ် မ၀တ်ခင်ကလည်းသေးတည်ပြီးသားကို။

"ဒါလေးချစ်စရာလေး"

ရှောင်ကျန့်က ဒိုင်နိုဆောပုံစံလုံးစွပ်လေးကို ကလေးစီ၀တ်ပေးလိုက်တော့သဘောတွေကျနေလေသည် တစ်ခါထဲကလေးအ၀တ်တွေပါ အိတ်ထဲထည့်လို့တစ်ဖက်ကချီရင်း
နဲ့အောက်ဆင်းလာသည် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Où les histoires vivent. Découvrez maintenant