Part 14

4.2K 331 6
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 14
-------------
မြို့အုပ်အိမ်တော်ရဲ့ ခြံနီးပါးလောက်ကျယ်သော ထိုနေရာဟာ
ရှောင်းမိသားစုရဲ့ခြံပင် မြို့အုပ်၀မ်သက်ပြင်းချလိုက်သည် လက်ထပ်ပြီးကတည်းက ယောက္ခမအိမ်ကို ယောင်လို့တောင်ခြေမလှမ်းခဲ့ဘူး ဒီနေ့ရှောင်ကျန့်ကသွားချင်တယ်
ဆိုလို့သာ ကိုယ်ကလည်းမကောင်းတာနဲ့နူတ်ဆက်မလို့ လာခဲ့တာပင်။

"‌မားမားရေ...ပါးပါးရေ...သားလာတယ်..."

"လာတော်မူသေးရဲ့  ငါမပြောချင်ဘူး အခုမှလာလည်ရတယ်လို့
ဟိုတစ်ခါမင်းအတင်းလာပြောပြီးပဲပြန်သွားတာ....ဒီတစ်ခါတော့
ဒီမှာ တစ်နေကုန်နေရမယ်"

ရှောင်ကျန့်မားက ခါးကြီးထောက်လို့ ခုံပေါ်မှာမျက်စောင်းပဲလှိမ့်ထိုး
နေသည် ရှောင်ကျန့်ကတော့ ပြုံးပြရင်းနဲ့ ပုခုံးလေးပင့်ပြသည် ။

"မင်းလည်းပါတာပဲကို....မလာစဘူးပါလား"

"ဟုတ်ကဲ့.... ရှောင်ကျန့်ကဒီကိုလာချင်လို့ နူတ်ဆက်မယ်လို့တွေးမိရင်းနဲ့..."

"တာဝန်အရပဲကို....နားလည်ပါတယ်"

"...."

ယောက္ခမတွေနဲ့ သူနဲ့အကြောမတည့်တာ ဒါတွေပင် အေးပေါ့လေ
သူတို့ပြောသလို တာ၀န်အရပဲလိုချင်တယ်ဆိုတော့လည်း လုပ်ပေးရတာပေါ့ ။

"ဟွန်း...မားမားတို့ကလည်း ကျန့်ကျန့်ယောကျာ်းက တာ၀န်အရ
မဟုတ်ပါဘူးနော်...."

"ဒါဆိုမင်းဆွဲခေါ်လာတာလား"

"မဟုတ်ပါဘူးနော်....ကျန့်ကျန့်ယောကျာ်းကဒီကိုအရင်လာမယ်လို့‌
ပြောခဲ့တာပါ ကျန့်ကျန့်လည်းလွမ်းနေတာဆိုတော့သွားမယ်လို့
ပြောတာ‌ပါ မားမားကလည်း...."

မြို့အုပ်၀မ်ကို အပြစ်မမြင်စေ့ချင်ဘူး သူ့မိဘတွေနဲ့မြို့အုပ်၀မ်ကြား
ထဲမှာ အထင်လွဲတာတွေ မနာလိုတာတွေ မရှိစေချင်ဘူး တာဝန်အရ
လာတယ်လို့မြင်တာမဟုတ်ဘဲနဲ့ ဒီအတိုင်းလေးပဲ လင်မယားနှစ်ယောက်သတိရလို့လာတယ်ဆိုတာလေးပဲ မြင်စေ့ချင်တယ်။

"ရှောင်ကျန့်ကို ဒီမှာထားခဲ့မှာမဟုတ်လား ပြန်တော့..."

"....."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now