Part 10

4.8K 355 24
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 10
------------
လော့ယန်မြို့ကနေ ယွီမြို့တော်ကို ရထားနဲ့သွားရတာလောက်
ဘယ်ဟာမှ‌ကောင်းတာမရှိပါ ရှောင်ကျန့်ဒီလိုမျိုးကိုသဘောကျတယ် အမှန်ဆိုသဘော်နဲ့သွားချင်တာကို မြို့အုပ်၀မ်ကရထားနဲ့ပဲသွားမယ်
တဲ့လေ ။

"မြို့အုပ်၀မ်...မြို့အုပ်၀မ်"

"ပြော..."

"ကျန့်ကျန့်တို့အဲ့ကိုဘာသွားလုပ်ကြမှာလဲဟင်"

"မင်းကိုသွားရောင်းစားမလို့"

"ဟွန်း...အကောင်းနဲ့မေးတာကို..."

"ငါကလည်းအကောင်းနဲ့ပြောတာပဲလေ..."

"မြို့အုပ်၀မ်ကို ခေါ်တော့ဘူး...."

လက်လေးပိုက်လို့ ပြတင်းပေါက်ဘက်လှည့်ကာ နူတ်ခမ်းကမသိမသာထော်ထားသေးတယ် ကလေးကလားစိတ်
တွေပါလား....။

"အဖွဲ့၁က ရထားရပ်ရင် အရှေ့မှာစောင့်နေရမယ် အဖွဲ့၂ကကားရှေ့မှာစောင့်နေရမယ် ဟုတ်ပြီလား..."

"ဟုတ်ကဲ့!"

ကျင်းရန်ကမှာကြားနေတယ် ဒီနေရာက ပထမတန်းစားဖြစ်လို့
မည်သူမှ၀ယ်မစီးနိုင်ပေမဲ့လည်း မြို့အုပ်၀မ်ကအပြတ်ငှားထား
တာဆိုတော့ ဒီနေရာမှာ ကိုယ်ရံတော်တွေနဲ့သူတို့ကလွဲပြီးမည်သူ
မှမရှိပေ ။

"မြို့အုပ်၀မ်...."

မခေါ်ဘူးလို့ပြောလည်း မနေနိုင်တဲ့ဒီဟာလေးက စကားခဏခဏကို
လာပြောနေတော့ မြို့အုပ်၀မ်အထူးတလည်မချော့ပါ ချော့ရအောင်
လည်းသူနဲ့ကိုယ်နဲ့ကသမီးရည်းစားမဟုတ်။

"ကိုယ်ရံတော်တပ်တွေအများကြီးပဲနော်...ဘာလို့လဲဟင်..."

"လုပ်ကြံသူတွေရှိနိုင်တယ်..."

"ဝါး...တကယ်ကြီး..."

"အင်း...အဲ့တာကြောင့်သတိထားနေရတယ်"

"မိုက်တယ်ကွာ လုပ်ကြံသူတွေက သေနတ်နဲ့ခပ်ဝေးဝေးက
နေချောင်းပြီး ပစ်ရင် ပွဲသိမ်းပြီ ရုပ်ရှင်ထဲကလိုပဲ မိုက်တယ်"

"...."

ရှောင်ကျန့်ကအမြဲလိုလိုကလေးအတွေးတွေပဲတွေးတတ်တယ်
မြို့အုပ်တို့မည်သည် လုပ်ကြံခံရနိုင်တယ် ဘုရင်တွေတောင်လုပ်ကြံ
ခံရသေးတာပဲကို သူတို့ရဲ့ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ မြို့အုပ်၀မ်ရိူး
ဆိုရင်လည်းရထားပေါ်မှာလုပ်ကြံခံရလိုက်တာပဲကို....။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now