Part 24

4.5K 353 23
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 24
_____________
နေ့စဉ်နေ့တိုင်းလိုလိုပဲ ပြေးဆွဲပြီး လူတွေအများကြီးအမြဲစည်ကားနေတဲ့ လော့ယန်မြို့ရဲ့ဘူတာရုံက
နေအမျိုးသမီးတစ်ယောက်ထွက်လာတယ် ဂါ၀န်ဒူးဖုံးပြီးဦးထုပ်ဆောင်းထားကာ အထက်တန်းစားဆန်ဆန်
၀တ်ထားတဲ့သူမကို ထွက်သွားထွက်လာလုပ်နေကြသော
အမျိုးသားတွေက လည်ပြန်ကြည့်နေကြလေတယ် သူမကတော့
ရပ်ထားတဲ့ကားနားကိုသွားပြီး ငှားလိုက်တယ်။

"မြို့အုပ်ရုံးကိုမောင်းပေးနော်"

မြို့အုပ်ရုံးထဲကို၀င်တော့ အထဲကသူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ စာရေးမလေးတွေကဘာကူညီပေးရမလဲလို့လာလာမေးကြတယ်။

"တို့က...၀မ်နဲ့တွေ့ချင်ရုံပါပဲ"

"ရှင်....မြို့အုပ်ကိုပြောတာလား"

"အင်း..."

"အကြောင်းကြားပေးပါ့မယ် ခဏ‌နော်"

"ရတယ်..ရတယ် အလုပ်ရူပ်မခံပါနဲ့တော့ တို့ပဲတက်သွားလိုက်ပါ့မယ် ၀မ့်ရဲ့...ဘယ်လိုပြောရမလဲ...သူငယ်ချင်းဟောင်းတစ်ယောက်ပေါ့"

"...."

သူမကလှေကား‌ထစ်တွေတိုင်းမှာ ဒေါက်ဖိနပ်သံက တဒေါက်ဒေါက်
ကဆူညံလွန်းပါတယ် သူမအခန်းရှေ့ရောက်ပြီးတံခါးခေါက်ဖို့ပြင်
လိုက်ပေမဲ့ မခေါက်ပစ်တော့ပါ တံခါးဆွဲဖွင့်လို့အထဲ၀င်လာလိုက်သည်။

"မ‌တွေ့တာကြာပြီနော် ၀မ်...."

"ယွမ်နင်..."

"တော်ပါသေးတယ် ယွမ်ရဲ့ နာမည်ကိုမှတ်မိနေသေးလို့ပေါ့..."

"...."

"ပြန်လာတာ...၀မ်နဲ့တွေ့ချင်လို့ အစကတော့ ပါးရဲ့အမိန့်ကြောင့်
အနောက်နိုင်ငံမှာပညာသွားသင်ရတာ...သိပ်ကိုနောင်တရတာပဲ"

"...."

"ဆိုတော့...၀မ်... ငါတို့တွေ အရင်လိုမျိုးပြန်နေ...."

သူမမြို့အုပ်၀မ်ရဲ့အနောက်ကိုကြည့်မိတော့ အံ့ဩသွားရပါတယ်
အနောက်တိုင်းဆန်ဆန်မဂ်လာဆောင်ထားသောပုံထဲမှာ ၀မ် နဲ့
နောက်ကောင်လေးနဲ့အတူတူရိုက်ထားတယ် သူမ၀မ့်ကိုပဲကြည့်နေ
ခဲ့လို့ ဒီဓာတ်ပုံကိုမမြင်ခဲ့ပါ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now