Part 6

4.5K 342 5
                                    

Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 6
__________
မြို့အုပ်ရုံးကိုရောက်တော့ ကျင်းရန်ကအရန်သင့်ပင် သူ့ရှေ့မှာစာရင်းမှတ်တမ်းကိုင်ကာ လာရပ်သည် မြို့အုပ်၀မ်သက်ပြင်းချလိုက်ရတယ် ကိုယ်ကမှတည်ငြိမ်ပြီး ယူထားရတဲ့ယောကျာ်းကမှ မတည်ငြိမ်တာ ဘယ်လိုလုပ်ရမှာလဲ။

"ပြော..."

"ဟုတ်ကဲ့.... အမတ်၀န်ရဲ့ကားကိုပြင်ရပါ့မယ် အရှေ့ကဓာတ်တိုင်မီးနှစ်တိုင် ၊ ပန်းအိုး၅လုံး ၊ နောက်ပြီးအိမ်ကကျကွဲသွားတဲ့ ကျောက်စိမ်းပန်းအိုး ၁ လုံး၊
နစ်နာသူတွေစီကို ဆေးကုပေးရမှာက ၂ယောက် ဒါပါပဲ မင်းကတော်မွှေထားတာ"

"ဟင်း....."

ကြားလိုက်ရတဲ့သတင်းတွေကမသက်သာလှပါ ဆေးရုံတက်နေရတဲ့သူတွေကလည်း ရှောင်ကျန့်နဲ့ဖဲဝိုင်းမှာရန်ဖြစ်လို့ရှောင်ကျန့် ထိုးလွှတ်လိုက်တဲ့သူတွေ...။

*ကလင်...ကလင်....*

မြို့အုပ်၀မ် ကြိုးဖုန်းကိုကိုင်လိုက်တော့ အိမ်တော်ကပင်
လာပြီ ရှောင်ကျန့်ဘာများမွှေထားဦးမလဲ ပထမဦးဆုံးအနေနဲ့
ရှောင်ကျန့်အသံကိုစကြားလိုက်ရပါတယ်။

"ကျန့်ကျန့်ကိုလေ...အိမ်ကသူတွေကဝိုင်းနှိပ်စက်တယ်သိလား
ကျန့်ကျန့်ကလက်နာနေလို့ အနစ်နာခံပြီးကူလုပ်ပေးမယ်ပြောတာတောင်မှ သူတို့ကပေးမလုပ်ဘူးသိလား...."

"...."

"ဟယ်လို..... မြို့အုပ်၀မ်နားထောင်နေလားဟင်...."

"ငါမအားဘူးရှောင်ကျန့်....လိုရင်းကိုပြော...."

"ကျန့်ကျန့်ပျင်းလို့...."

*တူ....တူ....*

တစ်ဖက်ကဖုန်းချသွားလေပြီ ရှောင်ကျန့်နှာခေါင်းရူံ့လိုက်တယ်
ပျင်းပျင်းနဲ့ ကြိုးဖုန်းတင်ထားတဲ့ခုံအောက်ကဖုန်းနံပါတ်စာအုပ်ကြီးယူလိုက်
သည်....မှန်းစမ်းအပျင်းပြေမှာတွေဘာရှိလဲ။
.
.
.
.
.
.
.
.
.
.
.
*ကလင်....ကလင်...*

"ဟယ်လို...."

"ရိပေါ်.... ငါ့တူလေး....မင်းယောက်ျားကိုထိန်းဖို့အစီအစဉ်ဘာရှိလဲ"

"ဘာဖြစ်လို့လဲ...."

"မင်းယောကျာ်းကလေ ငါအလုပ်လုပ်နေတာကို ဖုန်းတွေတဂွမ်ဂွမ်ခေါ် ပြီး ငါမှန်းမသိပဲနဲ့ ငါ့အကြောင်းတွေအတင်းတုပ်သွားတယ်....ဟင်း..ဟင်း..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now