Part 4

5.1K 386 8
                                    

Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 4
------------
"ငါ့တူရယ် အိမ်တော်မှာမဖြစ်စဘူး ဘယ်လိုတွေဖြစ်ကုန်တာလဲ"

ညနေစောင်းမှာတင်ပဲ ၀မ်မျိုးရိုးတစ်သိုက်လုံး အိမ်တော်စီရောက်လာကြပြီး ရှောင်ကျန့်မွှေသွားတဲ့အမွှေကို
လာမေးနေကြသည် သူလည်းခေါင်းတော်တော်ကိုက်နေပြီ
ဟိုဘက်ကမေးလိုက်ဒီဘက်ကမေးလိုက်နဲ့ နားတွေပါငြီးတယ်။

"အကုန်အဆင်ပြေတယ် မတော်တဆမူ့တစ်ခုကြောင့်ပဲ"

"ဟုတ်ရဲ့လားကွယ်......မင်းပြောတယ်ဆိုမှတော့လည်းဟုတ်လောက်မှာပါလေ..."

"...."

"ဒါနဲ့ငါ့တူ...မင်းအဖိုးကိုသွားဂါ၀ရပြုလိုက်လေ ဒါကလုပ်ရိုးလုပ်စဉ်
ပဲလေ "

"ဟုတ်တယ် ဟုတ်တယ် မနက်ဖြန်သွားလိုက်ပါ.."

"အင်း... သွားလိုက်မယ်...ကျွန်တော်နားတော့မယ်"

"အေးအေး..."

‌မြို့အုပ်၀မ်အပေါ်တက်ပြီး တံခါးကိုစောင့်ဖွင့်လိုက်တော့ စောင်ကိုခြုံကာ နောက်လှည့်နေသော အကောင်ပေါက်လေး
ငိုနေသလိုမျိုး ပုခုံးတွေလူပ်နေတော့ မြို့အုပ်၀မ်အပေါ်ကုဒ်ကို
ချွတ်ကာ ဗီဒိုထဲထည့်လိုက်သည် ။

"ကိုယ့်အပြစ်ကိုယ်သိလို့ ငိုနေတာလား ရှောင်ကျန့်..."

"...."

"ငါဘာမှအပြစ်မပေးရသေးဘူး..."

"...."

"ဒီမယ် ပြောစရာရှိတယ် ဒီဘက်လှည့်..."

ကိုယ့်ဘက်ကိုလှည့်လာတော့ ငိုနေမယ်လို့ထင်မိတဲ့ကိုယ့်ကိုယ်ကိုယ်
တိုင်နဲ့ခေါင်းနဲ့‌ဆောင့်ချင်စိတ်ပေါက်တယ်။

"ပြောလေ...."

ရှောင်ကျန့်က မုန့်တွေဖောက်စားနေပြီး ခေါင်းအုံးပေါ်မှာစာအုပ်
တစ်အုပ်ချထားတယ် ဟာသစာအုပ်ဖြစ်မယ်ထင်ပါတယ်
ခုနကရီလို့ ပုခုံးလူပ်နေတာဖြစ်လိမ့်မယ် ။

"မပြောရင်လည်း နေပေါ့... စာအုပ်ဖတ်နေရတာ အရသာပျက်တယ်..."

"...."

တစ်ဖက်ပြန်လှည့်တော့မဲ့ရှောင်ကျန့်ကို သူ့ပေါ်က စောင်ကြီးဆွဲယူလိုက်တော့ ကိုယ့်ဖက်ပြန်လှည့်လာသည်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now