Part 36

4.1K 281 4
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 36
--------------
မြို့အုပ်၀မ်ပေါက်စလေးကရောက်တာ သေချာလား မသေချာလား
ဆိုတာကို ရှောင်ကျန့်စစ်ဆေးချင်သေးသည် မောင်က surprise
ပေးမယ်ဆိုတော့လည်း သူလည်းပြန်ပြီးsurprise ပြန်လုပ်‌ရမှာ
ပေါ့။

"မောင်...မားမားစီသွားချင်လို့ လွှတ်ပေးပါနော်"

"မဖြစ်ပါဘူး မနေ့က‌တင် အန်နေတာ မရဘူး မသွားရဘူး"

"မောင်ကလည်း မားမားစီသွားတာပဲလေ နော်...လောင်ကုန်း..."

"မရဘူး...."

"ဟုတ်ကဲ့ပါ..."

ရှောင်ကျန့်အသံလေးတွေကတိမ်၀င်သွားလို့ မျက်နှာငယ်သွားတယ်
ဒါကို မြို့အုပ်၀မ်မကြည့်နိုင်ပါ သက်ပြင်းချလို့ ရှောင်ကျန့်ကိုဖက်လိုက်သည် ။

"သွား...ညမအိပ်ရဘူးနော်..."

"ဟုတ်ကဲ့! ဒါနဲ့ကျန့်ကျန့်တစ်ယောက်ထဲသွားမှာ မောင်မလိုက်နဲ့"

"ကိုယ်မလိုက်လို့မဖြစ်ဘူးလေ"

"မောင်ကလည်း ကျန့်ကျန့်တစ်ယောက်ထဲသွားချင်လို့ပါ... please"

"အချစ်ရာ....ရွေးချယ်ရတာသိပ်ခက်တာပဲ"

"မွှ...နေ့လည်‌ပြန်လာမယ်လေနော်"

ရှောင်ကျန့်က မြို့အုပ်၀မ်ပါးကို နမ်းလို့ ဖက်ထားတယ်...မောင့်ကိုမသေချာသေးလို့ မပြောရဲတာပါ...ပြောပြလိုက်ရင် မောင်ဘယ်လောက်တောင်မှ
စိတ်ပူလိုက်မလဲမသိချေ။

"ပါးကိုမနမ်းနဲ့...နူတ်ခမ်းကိုနမ်း"

ရှောင်ကျန့်ပြုံးကာ မောင့်နူတ်ခမ်းကိုနမ်းလိုက်သည် ဘ၀မှာ
ချစ်ဖူးတဲ့သူဆိုတာ မောင်တစ်ယောက်ထဲသာလျှင် ရှိပါတယ်....
ချစ်တယ်...မစွန့်လွှတ်ချင်ဘူး...။

ကျင်းရန်ကိုလိုက်ပို့ခိုင်းလိုက်တယ် မောင်မလိုက်နဲ့ဆိုလို့ မြို့အုပ်၀မ်
ကသူ့အမျိုးသားလေးအလိုတော်ကျနေခဲ့ပေးတယ် ကားလေးက
မြင်ကွင်းထဲကနေပျောက်သွားပြီးသည့်တိုင်အောင် မြို့အုပ်၀မ်မှာ
အိမ်‌ထဲတောင်မ၀င်သေးချေ။

🐷🐰

"မားမား...ကျန့်ကျန့်လာတယ်"

"ဘာလဲမနေ့ကမုန့်ဖိုးလာတောင်းတာလား"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now