Part 26

4.4K 304 5
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 26
--------------
ယနေ့လေးက သူတို့နှစ်ယောက်လက်ထပ်တာ ၅လတိတိပြည့်သော
နေ့ပင် မြို့အုပ်၀မ်ကလည်းခွင့်ယူထားတယ် နောက်နေ့မှပေါင်းလုပ်မှာပေါ့ နွေဦးရာသီမို့လို့ အရင်လိုမျိုး
နှင်းတွေနဲ့လဲမရှိတော့ဘူး အဲ့တော့ရှောင်ကျန့်နဲ့လျှောက်လည်မည်။

"အချစ်လာတက်ချည်"

မြို့အုပ်၀မ်ကဘယ်နားကမှန်းမသိတဲ့စက်ဘီးကိုယူလာကာ သူ့ရှေ့လာရပ်သည် ရှောင်ကျန့်လက်ထဲကခြင်းကိုကြည့်လိုက်
တယ် ယနေ့မှထူးထူးဆန်းဆန်း ပျော်ပွဲစားထွက်ပြီးလျှောက်လည်
မယ်တဲ့လေ လွယ်ထားတဲ့အိတ်လေးသေးသေးတစ်လုံးလဲရှိတယ်။

"ကားနဲ့မဟုတ်ဘူးလားဟင်"

"ဟင့်အင်း ကိုယ်ကဒီလိုမျိုးသွားချင်နေလို့ လာလာ"

"ကျန့်ကျန့်က...လေးရင်ရော"

"ကိုယ့်အချစ်ခန္ဓာကိုယ်လေးကပေါ့ပေါ့လေးပါ လာကိုယ်နိုင်တယ်"

"ဟွန့်! ပြောတော့ ၀က်လိုပဲဆို မ ရတာလေးတယ်ဆို"

"စတာပါ ကိုယ့်အမျိုးသားလေးကို ကိုယ်ချစ်လို့ပါ"

"သိဘူး...စိတ်ဆိုးတယ်"

"...."

"မုန့်၀ယ်ကျွေးမယ်ဆိုရင်တော့ စိတ်ဆိုးပြေပါတယ်...ဟီး...တက်မယ်နော်"

"အင်း"

"မြို့အုပ်တို့စောစောလေးပြန်လာခဲ့ကြနော်"

အိမ်တော်ထိန်းကြီးရဲ့ အပြောကို ရှောင်ကျန့်ခေါင်းငြိမ့်ပြလိုက်တယ်
မြို့အုပ်၀မ်ကအရှေ့ကနင်းလို့ မြို့အုပ်အိမ်တော်ကနေထွက်လာခဲ့
သည် နွေဦးရာသီဖြစ်လို့လားမသိ ပန်းလေးတွေကကြွေလွင့်
လို့နေတယ် ။

မြို့အုပ်၀မ်ကကြိုးစားပမ်းစားနဲ့နင်းနေတာကိုရှောင်ကျန့်ကြည့်
လိုက်သည် နဖူးမှာလည်းချွေးသီးတွေကျနေလေပြီ ။

"မောင် နားရင်နားလိုက်လေ"

"ဟင့်အင်း...ရတယ်"

"ချွေးတွေထွက်နေပြီနော်"

"ရပါတယ်..."

"...."

ရှောင်ကျန့်ဘာမှမပြောတော့ပဲနဲ့ ကြည့်နေလိုက်သည် နောက်၃မိနစ်
လောက်နေတော့ စက်ဘီးကိုထိုးရပ်လိုက်သည် အဲ့တာက အအေးဆိုင်အသေးလေးရဲ့ရှေ့မှာ ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now