EPISODE 38

1.8K 253 31
                                    

Unicode

မဟေသီမိဖုရားက ‌စည်းအတွင်းမှနေ၍ တစ်ဖက်ရှိ နတ်ဘုရားအုပ်စုကြီးကိုလှောင်ပြုံးလေးပြုံးပြလိုက်ရင်း  အခြွေအရံများ ပြင်ဆင်လာသည့် သလွန်ကြီးပေါ်တွင် စံမြန်းကာ မျက်လွှာကိုချလျက် ရှိနေ၏။

တစ်ဖက်ရှိ နတ်ဘုရားအုပ်စု မှာ မဟေသီမိဖုရား၏အပြုအမူကြောင့် ထွန့်ထွန့်လူးဒေါသထွက်နေကြပြီး လနတ်ဘုရားမှာ မျက်လုံးများပြူးကျယ်လာကာ အရှေ့သို့တက်သွားလိုက်သည်။ထို့နောက်သူ့ရဲ့ မူလလက်သင်္ကေတကို ကျွမ်းကျင်စွာ ဖန်တီးပြီး အရှေ့တည့်တည့်ကအကာအကွယ်စည်းဆီသို့ စွမ်းအားများဖြင့်တိုက်ခိုက်လိုက်၏။

ဝုန်း

လနတ်ဘုရားရဲ့ စွမ်းအင်ဟာ အတားအဆီးအရံကိုမထိခင်ကပင် ပျက်ပြယ်သွားရပြီး လနတ်ဘုရားတစ်ယောက် မယုံသင်္ကာဖြင့် ထိတ်လန့်သွားခဲ့သည်။

"ဒါ...ဒါက..."

လနတ်ဘုရားက သူ့လက်အစုံကြည့်ရင်းအံ့ဩထိတ်လန့်နေခိုက် အနောက်ဖက်မှ ကြယ်နတ်ဘုရားကရောက်လာပြီး လနတ်ဘုရားရဲ့ပခုံးကိုလက်ဖြင့်ကိုင်ရင်းသူကတော့အရှေ့ကိုတစ်လှမ်းတိုးသွားလိုက်သည်။

"ကျွန်တော်စမ်းကြည့်မယ် အကိုတော် "

ကြယ်နတ်ဘုရားက စည်းရဲ့အတွင်းမှာရှိတဲ့ မဟေသီမိဖုရား ရူစန္ဒာအဏီရာကို အမုန်းတရားတွေအပြည့်နဲ့ကြည့်လိုက်ပြီး သူ့ရဲ့ထူးကဲတဲ့ ကြယ်တာရာ မိုးရွာသွန်းခြင်း အတတ်ဖြင့် တိုက်ခိုက်ဖို့ကြိုးစားလိုက်သည်။

ဝေါ....ဝေါ....ဝေါ

အနက်ရောင်ဥက္ကာခဲများက စည်းဆီသို့အရှိန်အဟုန်ဖြင့် ရွေ့လျားနေကြပြီး ပတ်၀န်းကျင်တစ်ခွင် တွင်လည်း ဖုန်များထပြီး ဘာမှကိုမှမမြင်နိုင်အောင်ဖြစ်သွားရသည်။ ကျန်နတ်ဘုရားအကြီးအကဲများနှင့် နတ်စစ်သည်တို့မှာ  ကြယ်နတ်ဘုရားရဲ့တိုက်ကွက်အသစ်ကြောင့် အလန့်တကြားဖြစ်ကုန်ကြီး ပင့်သက်ရှိုက်နေကြချိန် နေနတ်ဘုရားကတော့  တိုက်ကွက်ကိုသာ မဲနေသည့် ကြယ်နတ်ဘုရားကိုစူးစူးကြီးကြည့်နေလိုက်သည်။မီးခဲပြာဖုံးဟူသည့်အတိုင်း ဤမီးခဲ မှာသူသတိမထားသည့်ကာလအတွင်း အရှိန်အဟုန်နှင့် အင်အားကြီးထွားလာခဲ့ပြီ။ သူအလျင်အမြန်မှ မငြိမ်းသတ်လျှင် သူ့ကိုပါဝါးမြိုနိုင်ချေရှိသည်ပင်။

Maharverse : ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Donde viven las historias. Descúbrelo ahora