EPISODE 48

1.4K 175 1
                                    

Unicode

ကောင်းကင်ဘုံ၏မနက်ခင်းညီလာခံအစည်းအဝေးကို အုပ်ချုပ်သူအရှင်ရဲ့ ကြည်လင်ကျောက်စိမ်း ဗိမ္မာန်မှာပဲ ပြုလုပ်တာဖြစ်ပြီး အခုအခါမှာတော့ အုပ်ချုပ်သူအရှင်က ‌ကြည်လင်ကျောက်စိမ်းဗိမ္မာန်တော်၊ဗဟိုခန်းမ၏အလည်ဗဟို မဟာမူရ ပလ္လင်ပေါ်တွင်စံမြန်းနေခဲ့သည်။ခန်းမ၏တစ်ဖက်တစ်ချက် နေရာထိုင်ခင်းများပေါ်၌မူ မျက်နှာသစ် နတ်ဘုရားများစွာက စံမြန်းနေပြီး သူတို့ရဲ့အမူအရာများကတစ်ခုခုကို စိတ်ဆုံးဖြတ်ထားဟန်ရှိသည်။

အုပ်ချုပ်သူအရှင် နတ်ဘုရား အဓိပတိရာဇ ဟာလည်း မင်္ဂလာရှိသော မနက်ခင်း၀ယ် စိတ်ချမ်းမြေ့ဟန်မရှိဘဲ အတန်ငယ်ပင် ဒေါသထွက်နေသေးသည်။သူကိုယ်တိုင် ရွေးချယ်ထားသည့် သစ္စာရှိ ဂြိုလ်နတ်မင်း၊ ဒြပ်စင်နတ်ဘုရားများက သူ့ရဲ့ သဘေုဆန္ဒကို အတင်းအကြပ်ပင် ဆန့်ကျင့်နေကြ၏။

"ထပ်မံပြီးစဉ်းစားတော်မူပါ အုပ်ချုပ်သူအရှင်၊ ဒါကအရှင့်ရဲ့ကောင်းကျိုးအတွက်ရော ကောင်းကင်ဘုံရဲ့စုစည်းအားနဲ့ညီညွတ်မှုကိုပါ ဖန်တီးနိုင်မယ့်တစ်ခုတည်းသောအခွင့်အလမ်းပါ "

"တော်စမ်း၊ ကတိဟာကတိ၊ သစ္စာဟာသစ္စာပဲ၊ ငါ့မှာ မဟေသီတစ်ပါးတည်းသာရှိရမယ်လို့ သစ္စာဆိုခဲ့ပြီးပြီ၊ ငါဘာအကြောင်းနဲ့မှ မဖောက်ဖျက်နိုင်ဘူး "

အုပ်ချုပ်သူအရှင်ကပလ္လင်ကို သူ့ရဲ့လက်ဖဝါးနဲ့ပြင်းထန်စွာရိုက်ပုတ်လိုက်ပြီး ခါးခါးသီးသီးငြင်းပယ်လိုက်သည်။ရူရူ့ကိုကျော်လွန်ပြီး နတ်ဘုရားအသီးသီး၊ ဘုံလောကအသီးသီးကဆက်သတဲ့ကိုယ်လုပ်တော်တွေကိုလက်ခံရမတဲ့လား ၊ အာရုံတွေနောက်လိုက်ပုံများ!

"အရှင် ကတိဟာကတိဆိုပေမယ့် အရှင်က သုံးလောကရဲ့အုပ်ချုပ်သူဖြစ်နေပါပြီ၊အရှင့်ရဲ့ခံစားချက်ထက် သုံးလောကရဲ့အကျိုးကိုပိုပြီးတွက်ဆသင့်ပါတယ်"

လနတ်ဘုရားအသစ်က ပြတ်ပြတ်သားသားပြောလိုက်သည်။သူကရိုကျိုးမှုလည်းမရှိသလို ထောင်လွှားမှုလည်းမရှိ။ထိုအစား စိတ်ဓာတ်ပြတ်သားမှုကိုသာအထင်းသားဖော်ထုတ်နေပေ၏။

Maharverse : ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now