အပိုင်း 1

1.2K 44 2
                                    

အခန်း(၁) : တပည့်တစ်ယောက်ရဖို့ ခက်ခဲပင်ပန်းလိုက်ပုံများတော့...

"စနစ်..ဒီနေ့အတွက် စာရင်းသွင်းမယ်"

[စာရင်းသွင်းခြင်း အောင်မြင်ပါတယ်။ ဆုလာဘ်: ကျင့်ကြံရေးသက်တမ်း နှစ်ငါးရာ]

လုချန်ရှန်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်မိသည်။

"နှစ်၂၀တောင်ကျော်သွားခဲ့ပြီ။ နေ့တိုင်း ငါ စာရင်းသွင်းနေခဲ့ရပြီး စနစ်ကလည်း ကျင့်ကြံရေးသက်တမ်းတွေပဲ ဆုချနေတာ။ ဒီစနစ်မှာ တခြားလုပ်ငန်းဆောင်တာတွေ မရှိတော့တာလား"

ဤကမ္ဘာကြီးကို ကူးပြောင်းလာပြီး စနစ်နှင့်ချိတ်ဆက်မိသွား​တုန်းက လုချန်ရှန်း အတော်စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ သူသည် အမတလမ်းစဉ်၏အထွတ်အထိပ်ကိုပင် တက်လှမ်းပြီး ကမ္ဘာကြီးကိုအုပ်စိုးနိုင်လိမ့်မည်ဟုပင် တွေးထင်ထားခဲ့သည်။

သို့သော် စနစ်က နှစ်၂၀ကြာသည်အထိ နေ့တိုင်းနေ့တိုင်း စာရင်းသွင်းခိုင်းနေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားမှာတဲ့လဲ။ ဆုလာဘ်ကလည်း မကျရှုံးနိုင်သည့် ကျင့်ကြံရေးသက်တမ်းများသာ ဖြစ်ပေသည်။

တစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားပြီး တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်လာခဲ့၏။

လုချန်ရှန်းလည်း ထိုအရာနှင့်ပတ်သက်ပြီး ထုံသွားပြီသာ။

သူ့မှာ သူ့ခွန်အားအဆင့် ဘယ်လောက်ရှိမှန်းတောင်မသိပေ။

စနစ်ကလည်း လုချန်ရှန်း ကူကယ်ရာမဲ့နေရှာသည်ကို သိပုံရသွားပြီး ရှင်းပြလာသည်။

[လက်ခံသူက မူရင်းဇာတ်ကြောင်းနဲ့ အခုထိမချိတ်ဆက်မိသေးတဲ့အတွက် အခုအချိန်မှာ တခြားလုပ်ဆောင်ချက်တွေ မရှိသေးပါဘူး]

"ဒါဆို မူရင်းဇာတ်ကြောင်းနဲ့ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ လမ်းပြပေးလို့ရမလား"

[ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခွင့်မရှိပါဘူး]

".."

ကူကယ်ရာမဲ့စွာပင် လုချန်ရှန်းလည်း စုတ်တံကိုကောက်ကိုင်၍ စားပွဲပေါ်မှာ အမတဓားသိုင်းပန်းချီကားကို ဆွဲနေလိုက်တော့သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now