အပိုင်း 56+57+58+59+60

301 26 0
                                    

အခန်း ၅၆ : ဒီတော့ ဒါက မှော်ဆန်တဲ့ပညာရှင်ပေါ့လေ

ယွင်မင်သည် လုချန်ရှန်းကို လွန်ခဲ့သောရက်အနည်းငယ်ကတည်းကစောင့်ကြည့်နေခဲ့သည်။

"ဒါ အရှင်မရဲ့ဆရာသခင်လား"

ဤကာလအတွင်း၌ ယွင်မင်သည် လုချန်ရှန်း၏လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေခဲ့သည်။

သူသည် ထိုလူ့အကြောင်းကို ပိုသိချင်လာမိသည်။

သို့သော် လုချန်ရှန်းကို ရက်အနည်းငယ်ကြာသည့်တိုင် စောင့်ကြည့်ပြီးနောက် ယွင်မင်သည် တစ်ဖက်လူကိုနားမလည်နိုင်တော့ပေ။

နေ့တိုင်းအိပ်နေပြီး ကျင့်ကြံအားထုတ်မှုကိုလည်း နေ့တိုင်းမလုပ်ချေ။ အိပ်လိုက်ပြီဆိုလျှင်လည်း ပြန်ထလာဖို့ အလွန်ခက်ခဲသည်။ ​နေ့လည်​​လောက်မှသာ နိုး​လာတော့သည်​။

အိပ်ရာထလာပြီးနောက်တွင်လည်း အရှင်မ သို့မဟုတ် ယဲ့ချိုးပိုင်ကို ထမင်းချက်ခိုင်းလိမ့်မည်သာ။

စားသောက်ပြီးစီးသွားသောအခါ နေရောင်လုံလုံလောက်လောက်ရသောနေရာရှိ ဝါးကျောမှီထိုင်ခုံပေါ်တွင် လဲလျောင်းနေတတ်၏။ ထိုင်ခုံဘေးတွင် သစ်သားစားပွဲငယ်တစ်ခုရှိပြီး မှော်ဝင်အသီးအနှံမျိုးစုံရှိပေသည်။

တစ်ရေးနိုးလာပြီးနောက်တွင် ဟင်းရွက်စိုက်ခင်းဟုခေါ်သောနေရာကို ရေလောင်းရန်ထွက်သွားတတ်ပြီး မြေဆီလွှာကို တူးဆွပေးသည်။

ထို့နောက်... ညစာလည်း အဆင်သင့်ဖြစ်နေလေရာ စတင်စားသောက်ပါတော့သည်။

ညစာစားပြီးသောအခါ သူသည် အစာကြေစေရန်အတွက် ကျောင်းတော်ထဲသို့လမ်းလျှောက်သွားသည်။

ထို့နောက် သူ ပြန်အိပ်ပြန်သည်။

တစ်နေ့ပြီးတစ်နေ့ ထိုအတိုင်းသာ သံသရာလည်နေခြင်းပင်။

ယွင်မင် အံ့သြသွားရသည်။ ဤသည်မှာ သူတွေးထားသည်နှင့် လုံးဝမတူချေ။

အရှင်မ၏ဆရာသခင်အနေနှင့် အနည်းဆုံးတော့ ပညာရှိတစ်ယောက်နှယ်အရှိန်အဝါမျိုးရှိသည့် အဘိုးကြီးတစ်ယောက်ဖြစ်နေသင့်သည်မဟုတ်လား..

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now