အပိုင်း 88

235 26 0
                                    

အခန်း ၈၈ : ဓားသွားပိုင်နက်နယ်မြေထဲမှာ ငါက အရှင်သခင်ပဲ

တောင်ပိုင်းဒေသကလာသော ယဲ့ချိုးပိုင်မှာ ဤမျှအစွမ်းကြီးလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ကွမ်ကျုံးယန်၏မျက်ဝန်းထဲမှာ ရှက်ရွံ့ခြင်းအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ အစကမူ သူသည် သူ့အဆင့်ကိုဖိနှိပ်ထားရသည့်တိုင် သူ့ခွန်အားဖြင့် ယဲ့ချိုးပိုင်ကိုတိုက်ခိုက်ရာတွင် အသာစီးရလိမ့်မည်ဟုထင်ခဲ့သည်။

သို့သော် တစ်ဖက်လူက သစ်သားဓားကိုကိုင်စွဲ၍ သူ့တိုက်ခိုက်မှုကို လွယ်လင့်တကူတိုက်ထုတ်နိုင်လိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။

ယဲ့ချိုးပိုင်၏ပုံစံအရ သူသည် သူ့ခွန်အားကို အလုံးစုံထုတ်သုံးထားပုံမပေါ်ပေ။

ထိုအကြောင်းကိုတွေးရင်း ကွမ်ကျုံးယန်မှာအော်ဟစ်လျက် လေထဲသို့ လွှားခုန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချိုးပိုင်ရှေ့ကိုရောက်လာလေ၏။

လေအလျင်အလား မြန်လှပေသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိဓားရှည်က ရုတ်ခြည်းဆန်တက်သွားပြီး လေထုထဲတွင် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းက ယဲ့ချိုးပိုင်ကို တိုက်ခိုက်လေတော့သည်။

ကောင်းကင်နှင့်အပြည့် ဓားအရိပ်များကို ရင်ဆိုင်နေရင်း ယဲ့ချိုးပိုင်မှာ ထိတ်လန့်ခြင်းမရှိသလို သူ့အမူအရာကလည်း မတည်ငြိမ်မှု စိုးစဉ်းမျှမရှိ။

သူ့လက်ထဲက သစ်သားဓားကိုလည်း လွှဲယမ်းလိုက်ခြင်းမရှိဘဲ ရှေ့ကိုသာ ခြေတစ်လှမ်းတိုးလိုက်လေသည်။

ဓားဆန္ဒများမှာ ကောင်းကင်ထိတိုင် ဆန်တက်သွားလေသည်။

၎င်းတို့က ဓားသွားငိုရှိုက်သံများကို ထုတ်လွှတ်နေချေ၏။

ကောင်းကင်ထက်သို့ အပြင်းနှင်သွားသော ဓားဆန္ဒကမူ ကာကွယ်ရေးတံတိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားဟန်တူသည်။

ကောင်းကင်၌ပြည့်လျှံနေသော ဓားအရိပ်များက ထိုတံတိုင်းကိုတိုက်ခိုက်လိုက်သော်လည်း ထိခိုက်ပျက်စီးမှုလုံးဝမရှိပေ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now