အပိုင်း 4

375 38 0
                                    

အခန်း(၄) : ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်ခြင်း၊ ပျိုးထောင်ဖို့အတွက် စစ်ဆင်ရေး အောင်မြင်ခြင်း

စံအိမ်တော်၌..

လုချန်ရှန်း ဝါးအိမ်အတန်းလိုက်ကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ကြိုက်တဲ့အိမ်တစ်လုံးရွေးလိုက်"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်ပြီး အားလုံးနေရာချထားပြီးနောက် လုချန်ရှန်းဆီကိုထွက်လာခဲ့လိုက်သည်။

လုချန်ရှန်းသည် အခင်းပေါ်မှာထိုင်ချလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။

ဓားတစ်လက်နှင့် ဆေးပြားတစ်လုံးက ယဲ့ချိုးပိုင်ရှေ့မှာ ပေါ်လာလေတော့သည်။

"မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုပေမဲ့ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိဘူးဖြစ်နေတယ်။ ဒီတော့ ငါ မင်းကို အထွတ်အထိပ်ကိုရောက်အောင် ပို့ဆောင်ပေးမဲ့ ဒီစိမ်းမြမြတိမ်စိုင်ဓားရှည်တစ်လက်ပေးမယ်"

စိမ်းမြမြတိမ်စိုင်ဓားရှည်ကို ယဲ့ချိုးပိုင်မြင်သောအခါ အံ့သြထိတ်လန့်သွားရှာလေသည်။

စိမ်းမြမြတိမ်စိုင်ဓားရှည်ကို ဓားအိမ်ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်တွင်လည်း ဓားရောင်ခြည်ခပ်မှိန်မှိန်လေး လင်းလက်နေ၏။

ဓားကို သူကိုင်ကြည့်လိုက်ချိန်မှာ ဓားထဲမှစွမ်းအင်တစ်မျိုးကို ခံစားမိလိုက်ပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။

တာအိုလမ်းစဉ်နှင့်သက်ဆိုင်သော ကျင့်ကြံရေးနည်းဗျူဟာများနှင့် လက်နက်များဟာ သာမန်တော့မဟုတ်တန်ရာ။

ဓားကိုဆွဲထုတ်လိုက်ပါက ဘာများဖြစ်သွားမလဲ။

ထိုအကြောင်းကိုတွေးမိသည်နှင့် ယဲ့ချိုးပိုင်တစ်ယောက် ဓားကိုဆွဲထုတ်ကြည့်ချင်သွားသည်။

"အဲ့ဒါကိုဆွဲမထုတ်ဖို့ အကြံပေးချင်တယ်နော်။ လက်ရှိ မင်းအခြေအနေက ဓားရောင်ခြည်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

ထိုစကားကိုကြားတော့ ယဲ့ချိုးပိုင်လည်း သူ့အတွေးကိုပြန်ရုပ်သိမ်းလိုက်ရသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now