အပိုင်း 5

380 32 0
                                    

အခန်း(၅) သူ့ဘက်ကအပေးအယူက မက်လောက်စရာကြီးဖြစ်နေလို့ပါ

ယဲ့ချိုးပိုင်သည် မိုးမခပင်ကြီး၏နံဘေးမှာ တင်ပျဉ်ခွေထိုင်ရင်း ပေါင်ပေါ်မှာလည်း စိမ်းမြမြတိမ်စိုင်ဓားရှည်ကို တင်ထားသည်။ ဓားရှည်မှာပါသော ဓားသိုင်းစျာန်အဘိညာဉ်ကို ရှုမှတ်နေချေသည်။

ဓားသွားချီစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှာ တစီစီမြည်​နေပြီး သူ၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဤကမ္ဘာကြီးပေါ်တွင် ပြည့်နှက်လာလိုက်သည်မှာ ပို၍ပို၍သိပ်သည်းလာလေတော့သည်။

မိုးမခပင်ကြီးက ထိုမြင်ကွင်းကိုမြင်သောအခါ ဤသို့မတွေးဘဲမနေနိုင်တော့ချေ။

"အနှစ်သာရဖြန့်ကြက်ရေးဓားသွားကိုယ်ထည်ရှိတဲ့လူတိုင်း ဓားသိုင်းဘုရင်ဖြစ်လာတယ်တဲ့။ ကြည့်ရတာ ဒီစကားတွေက အခြေအမြစ်မရှိတဲ့စကားတွေထင်တယ်"

တစ်ဖက်မှာတော့ လုချန်ရှန်းသည် စံအိမ်တော်၏ထိပ်မှာ ရောက်နေလေသည်။

"ဒီငရဲကိုးဘုံအစီအရင်ရဲ့စွမ်းအားက ကျောင်းတော်ရဲ့ ရတနာပေါင်းမိုးအစီအရင်ထက် ပိုအားကောင်းတယ်။ ဒါပေမဲ့ ဒါက စီရင်ရတာ တော်တော်လေးရှုပ်ထွေးတယ်။ အစီအရင်ပုံပေါ်လာဖို့ အမွှေးနံ့သာကိုမီးညှိဖို့တောင် အချိန်တွေကုန်သွားတာ မနည်းမနောပဲ"

အစီအရင်များကို အဆင့်အားဖြင့် ကောင်းကင်ဘုံ၊ မြေပထဝီ၊ အနက်ရောင်အဆင့်နှင့် အဝါရောင်အဆင့်ဟူ၍ ခွဲခြားထားသည်။

လျှို့ဝှက်တာအိုကျောင်းတော်၏ ကာကွယ်ရေးအစီအရင်မှာ မြေပထဝီအဆင့်အစီအရင်ပုံစံ ဖြစ်သည်။

နှိုင်းယှဉ်ရမည်ဆိုလျှင် ငရဲကိုးဘုံအစီအရင်မှာ ကောင်းကင်ဘုံအဆင့်ထက်ပင် များစွာသာလွန်နေသေးသည်။

ဤအစီအရင်ပုံစံမှာ အတော်အစွမ်းထက်လှသည်။

သို့သော် ၎င်းကိုပြုလုပ်ဖို့ လိုအပ်သောပစ္စည်းများက ပြဿနာဖြစ်နေခြင်းပင်။ အစွမ်းထက်သစ်သား၊ နိဗ္ဗာနရွှေစင်သစ်နီ၊ ဝါကျင့်ကျင့်မြေသားနှင့် ဖီးနစ်အရိပ်ရအပင်တို့ကို အစီအရင်ပြုလုပ်ရာ၌ လိုအပ်ပေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now