အပိုင်း 2

447 36 1
                                    

အခန်း ၂ : ဉာဏ်ကြီးရှင်ဟောင်းတစ်ယောက်၏ ကျရှုံးခန်း

ထျန်းယွမ်မင်းဆက်၏ ပင်မမြို့တော်ဖြစ်သော ထျန်းယွမ်မြို့တော်သည် တော်ဝင်မိသားစုများနှင့် တကွဲတပြားဖြစ်နေသောဂိုဏ်းပေါင်းများစွာဖြင့် ပြည့်နှက်နေလေသည်။

ယဲ့မိသားစုမှာ ထျန်းယွမ်မြို့ရှိ အရေးပါသောမိသားစုလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်အင်အားကြီးသောမိသားစုကြီးပင်။

"ဒီနေ့က ယဲ့မိသားစုရဲ့ခွန်အားစစ်ဆေးပွဲကျင်းပမဲ့နေ့မဟုတ်လား"

"အမှန်ပဲလေ။ အဲ့လိုဆိုမှ ယဲ့ချိုးပိုင်လည်း ဒီပွဲမှာပါမှာမဟုတ်လား"

"ယဲ့ချိုးပိုင်ကတော့ သနားစရာပဲ။ ဒီမတိုင်ခင်တုန်းက ဓားသိုင်းသူတော်စင်ပိုင်ဆိုင်တဲ့ အမွေဆက်ခံရာနယ်မြေရဲ့ တားမြစ်ဧရိယာဘက်ကို သူ မတော်တဆသွားမိတာလေ။ အန္တိမဓားရှည်ရဲ့ချီစွမ်းအင်တွေက သူ့ကိုတိုက်ခိုက်လိုက်လို့ သူ့ခမျာ ကျင့်ကြံစဉ်တွေကို ဆုံးရှုံးလိုက်ရသလို ခန္ဓာကိုယ်မျှခြေလည်း ပျက်စီးသွားတယ်တဲ့။ အသက်ဘေးက လွတ်အောင်ထွက်ပြေးလာနိုင်တာတောင်မှ သူ့စွမ်းရည်တွေကတော့ သုံးစားမရတော့ဘူးလေ"

"အရင်တုန်းက ထျန်းယွမ်မြို့တော်ရဲ့ထိပ်တန်းဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ ယဲ့ချိုးပိုင်က ဒီလိုအခြေအနေအထိဖြစ်သွားတာပဲ။ သနားဖို့ကောင်းလိုက်တာ"

"ဟုတ်တယ်။ ယဲ့ချိုးပိုင်ရဲ့စိတ်နေစိတ်ထားက သိပ်ဖြောင့်မတ်တာ။ အရင်က သူ အထက်တန်းလွှာတွေကို စော်ကားမိထားတော့ သူ့ရဲ့ကျင့်ကြံစဉ်တွေကိုလည်း ဆုံးရှုံးလိုက်ရရော ယဲ့မိသားစုက သူ့ကိုစွန့်လွှတ်ပစ်လိုက်တော့တာပဲလေ။ ယဲ့ချိုးပိုင်တစ်ယောက် ဒီစစ်ဆေးပွဲပြီးတာနဲ့ ကလဲ့စားမုန်တိုင်းကြီးထဲမှာ ရှင်သန်လွတ်မြောက်နိုင်ပါ့မလားဆိုတာ ငါသိချင်မိပါရဲ့ကွာ"

"ကိုယ်ပြုတဲ့ကံက ကိုယ့်ထံပြန်လာတဲ့သဘောပါပဲ"

ယဲ့မိသားစုနေအိမ်ရှိ ဘိုးဘွားပိုင်ခန်းမကြီး၏ရှေ့၌..

စင်မြင့်အောက်မှာ လူအများအပြားစုဝေးနေကြပြီး ထိုစင်မြင့်ထက်မှာတော့ ခွန်အားစစ်ဆေးပွဲမှာသုံးမည့် ဧရာမကျောက်တုံးကြီးတစ်တုံးရှိနေချေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now