အပိုင်း 93

233 29 0
                                    

အခန်း ၉၃ : နေမဝင်အင်ပါယာ၏ကျောထောက်နောက်ခံ

လျှို့ဝှက်တာအိုကျောင်းတော်ဘက်က အကူအညီတောင်းခံရေးအချက်ပြကို လက်ခံရရှိလိုက်ချိန်မှာ ချက်ချင်းလူစုလိုက်သည်။

ဥပ‌ဒေပြဋ္ဌာန်းရေးခန်းမ၏အကြီးအကဲက ယဲ့ချိုးပိုင်ကိုကူညီရန် အသင်းကိုဦးဆောင်လာခဲ့သည်။

ခေါင်းဆောင်လည်း ထိုအကြောင်းကိုသိလေသည်။

ထိုအချိန်မှာ သူက ဘာတစ်ခွန်းမှမပြောဘဲ နေမဝင်အင်ပါယာဆီသို့ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။

ထိုအခိုက် နေမဝင်အင်ပါယာ၌..

မျက်စိရှေ့ရှိလူကိုကြည့်နေရင်း ဟွမ်းထျန်းမင်၏အမူအရာမှာ တည်ငြိမ်နေသည်။

"ခေါင်းဆောင်ယန် ဒီကိုဘာလို့ရောက်လာရတာပါလိမ့်"

ခေါင်းဆောင်ယန်၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်တည်ရှိနေလေသည်။

"ခင်ဗျားရဲ့သားက ကျုပ်တို့အလယ်ပိုင်းဒေသထဲကို လူတွေခေါ်လာပြီး ကျောင်းတော်ကတပည့်တစ်ယောက်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ် ဒီကိုရောက်လာတာ"

ထိုအကြောင်းကိုကြားသော် ဟွမ်းယီထုံ၏အမူအရာမှာ အေးစက်သွားလေသည်။

တကယ်တမ်းတွင် ဟွမ်းထျန်းမင် အလယ်ပိုင်းဒေသကို သူ့လူများအားလုံးခေါ်သွားသည့်အကြောင်း သူသိထားသည်။

ဟွမ်းယီထုံ သူတို့ကိုမတားခဲ့ချေ။

အကယ်၍ သူသာတားခဲ့ပါက အထိန်းတော်မင်နှင့် သံချပ်ကာယန္တရားတပ်ကို ထိန်းသိမ်းထားလိုက်နိုင်လေမလား။ ထို့ပြင် အကြည်ညိုခံအကြီးအကဲများရော..

ဤသည်မှာ ဟွမ်းထျန်းမင်၏နောက်ဆုံးအခွင့်အရေးပင်။

"လူငယ်တွေကြားကရန်ငြိုးကို သူတို့ဘာသာပဲ‌ဖြေရှင်းပါစေ"

ဟွမ်းယီထုံ ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။

"ကြီးကြပ်ရေးမှူးယန် ကျုပ်တို့နှစ်ယောက်က စောင့်ကြည့်နေကြရုံပဲတတ်နိုင်တာလေ"

"သူတို့ဘာသာဖြေရှင်းပါစေ ဟုတ်လား"

ခေါင်းဆောင်ယန်က ခပ်ဖွဖွပြုံးလိုက်လေသည်။ သို့သော သူ့မျက်ဝန်းထဲမှာတော့ အေးစက်မှုများသာနေရာယူထားလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now