အပိုင်း 99

213 28 0
                                    

အခန်း ၉၉ : ပေနှစ်ထောင်

ဓားသင်္ချိုင်းထဲတွင် ပေတစ်ထောင်ကျော်သွားလျှင် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံစဉ်အဆင့်ဖြစ်စေ ခွန်အားဖြစ်စေ အသုံးမဝင်တော့ပေ။ ဓားသိုင်းတာအိုစွမ်းရည်တစ်ခုတည်းသာလျှင် ပဓာနဖြစ်၏။

အစမှသည် ယခုအထိ မည်သူမှ ဓားသင်္ချိုင်း၏ထိပ်ဆုံးဆီသို့ တက်နိုင်ခဲ့ခြင်းမရှိ။

လျှို့ဝှက်ဓားသွားဂိုဏ်း၏ လက်ရှိဂိုဏ်းခေါင်းဆောင်လင်းရူဖုန်းပင်လျှင် မီတာ၁၅၀အကွာအဝေးထိသာ ရောက်နိုင်ခဲ့သည်။

ယဲ့ချိုးပိုင် တစ်ချက်မျှကြည့်လိုက်၏။

ဓားသင်္ချိုင်း၏ ပထမမီတာတစ်ရာတွင် ဓားဆန္ဒများနှင့်ပြည့်နှက်နေသည်ဆိုပါက အထဲကိုဝင်လိုက်သည်နှင့် တိုက်ခိုက်ခံရမည်ဖြစ်၏။

သို့သော် ဤဓားဆန္ဒများမှာ ဓားဆန္ဒအကာအကွယ်တံတိုင်းကြီးတစ်ခုအဖြစ် ဖြစ်တည်နေဟန်တူသည်။

အကယ်၍ သူကျော်ဖြတ်လိုပါက ဓားဆန္ဒဖြင့်သာဖြတ်ကျော်မှရပေမည်။

ယဲ့ချိုးပိုင် ရှေ့ကိုဆက်လျှောက်လာလိုက်ပြီး ပထမဆုံးအကာအကွယ်တံတိုင်းနှင့် တွေ့လိုက်ရသည်။

ထို့နောက် ဓားဆန္ဒများဟာ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာချေသည်။

၎င်းသည် ဓားဆန္ဒဓားသွားတစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး အကာအကွယ်တံတိုင်း၏ ပထမအလွှာကို ချက်ချင်းဖြတ်တောက်လိုက်သည်။

ယဲ့ချိုးပိုင်မှာ ရပ်တန့်ခြင်းမရှိ။

ဓားဆန္ဒများမှာ ဆက်တိုက်ထွက်ပေါ်လာသည်။

၎င်းတို့က ဧရာမဓားများအဖြစ် အသွင်ပြောင်းသွားပြန်ပြီး ဒုတိယအကာအကွယ်တံတိုင်းကို ခုတ်ချလိုက်၏။

ခွမ်း..

အကာအကွယ်တံတိုင်းက တစ်ခဏတွင်းချင်းကွဲအက်သွားသည်။

တစ်ချိန်တည်းမှာပင် အကာအကွယ်တံတိုင်းပျက်စီးသွားသောအခါ ဓားသိုင်းတာအို၏ သန့်စင်လှသောစွမ်းအားက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now