အပိုင်း 21

290 33 0
                                    

အခန်း(၂၁) : နိယာမစွမ်းအား၊ ပြီးပြည့်စုံသောဆက်ခံမှု

လုချန်ရှန်း၏သရုပ်ပြမှုမှတစ်ဆင့် ဟုန်ရင် တော်တော်များများကို သင်ယူလိုက်နိုင်သည်။

သူ(မ)သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လေဟာပြင်ထဲတွင်ကျန်ရစ်ခဲ့သော လှံတံစျာန်အဘိညာဉ်နှင့် လှံတံတာအိုစည်းမျဉ်းများကို ရှုမှတ်နေချေသည်။

မကြာမီမှာပင် ဟုန်ရင်သည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ဝင်ရောက်သွားလေတော့သည်။

အချိန်ကုန်လွန်လာလိုက်သည်မှာ တောင်ကြားလမ်းတွင်​အပြေးနှင်နေသော မြင်းဖြူတစ်ကောင်နှယ်..။

မျက်စိတစ်မှိတ်အတွင်းမှာ ငါးရက်တာကုန်လွန်သွားချေပြီ။

ယဲ့ချိုးပိုင်သည် သူ့အခန်းထဲမှာအောင်း၍ ရှုမှတ်မှုကို ဆက်လက်လုပ်ဆောင်နေဆဲပင်။

ဟုန်ရင်ကမူ ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ရောက်ရှိနေချေပြီ။

လုချန်ရှန်းသည် ခုံတန်းလျားပေါ်တွင်ထိုင်ရင်း စကားဆိုလာ၏။

"သူတို့နှစ်ယောက် ကျင့်ကြံအားထုတ်နေတဲ့အချိန် ငါ့အတွက်ချက်ပြုတ်ပေးမဲ့လူလည်း တစ်ယောက်မှမရှိဘူး။ ငါ တခြားတပည့်တစ်ယောက်ကို ထပ်ရှာလိုက်ရမလား"

သူ့စကားအဆုံးတွင် ဟုန်ရင်၏လှံတံစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ဆန်တက်လာပေသည်

ထို့နောက် သူ(မ)သည် မျက်လုံးအစုံကိုဖွင့်လိုက်ပြီး လက်ထဲတွင် လှံတံကိုကိုင်စွဲလျက် တရစပ်ဝှေ့ယမ်းလိုက်၏။

ဤသည်မှာ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၏ ပထမသိုင်းကွက်ပင်။

ထိုအခိုက်တွင် ယဲ့ချိုးပိုင်သည် လက်ထဲတွင် သစ်သားဓားကိုကိုင်စွဲလျက် တဲလေးထဲမှထွက်လာလေသည်။

ဓားသိုင်းစျာန်အဘိညာဉ်ခပ်ပါးပါးသည် သူ့ခန္ဓာကိုယ်အနှံ့ မသိမသာရစ်ပတ်သွယ်ယှက်ထားလေ၏။

ထိုအဘိညာဉ်သည် အလွန်တရာစူးရှလှသည်။

"ဂျူနီယာညီမလေး.. တစ်ပွဲလောက်စမ်းကြည့်ရအောင်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now