အပိုင်း 111

191 24 0
                                    

အခန်း ၁၁၁ : အတိဒုက္ခဆေးဝါး

အမွှေးတိုင်တစ်တိုင်ထွန်းသာခန့်အချိန်အတွင်း သူ ဘာလုပ်နိုင်လေမလဲ။

သူတို့အားလုံး လုချန်ရှန်း၏အဂ္ဂိရတ်အရှိန်အကြောင်း ကြားသိထားပြီးသားပင်။

သို့သော် အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်ကား စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးကိုသာဖော်စပ်နိုင်တော့မည်မဟုတ်လား။

စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးဆိုပါက သူ ထိပ်ဆုံးသုံးနေရာကိုပင် ဝင်ရောက်နိုင်တော့မည်မဟုတ်။

ပွဲကြည့်သူနေရာတွင်...

"အိုး အဲ့ဒါ လုချန်ရှန်းလား။ ကံဆိုးချင်တော့ သူ့မှာ အချိန်မရှိတော့ဘူးပဲ"

"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကိုယ်ပိုင်ဆေးဖော်စပ်နည်းကိုတောင် ဖန်တီးပြီး အဆင့်မြှင့်နိုင်တဲ့အဂ္ဂိရတ်ပညာရှင်တစ်ယောက်က နယ်နယ်ရရမှမဟုတ်တာ"

"အချိန်ကျလာရင် ငါတို့ သူ့ကိုစည်းရုံးသိမ်းသွင်းဖို့ ကြိုးစားရမယ်"

"ဒါပေမဲ့ ဒီကလေးက အဂ္ဂိရတ်ညီလာခံကိုတောင်ရောက်မလာဘူး။ သူက နည်းနည်းတော့မောက်မာပုံရတယ် ဟုတ်တယ်မလား"

"ဘယ်အဂ္ဂိရတ်ပညာရှင်က မမောက်မာလို့လဲ။ ဆုလာဘ်တွေက သူ့ကိုဆွဲဆောင်နိုင်သရွေ့ သူ ငါတို့ဆီရောက်လာမှာပဲ"

အကယ်၍ အငြင်းခံခဲ့ရပါလျှင် ကမ်းလှမ်းသောပမာဏက လုံလောက်မှုမရှိသဖြင့် သူ့ကို မဆွဲဆောင်နိုင်ခြင်းသာဖြစ်ပေလိမ့်မည်။

ဤမျှသာဖြစ်၏။

မုဝမ်အာ၏ပုံစံကလည်း စိတ်ပူနေပုံပင်။

"အမွှေးတိုင်တစ်တိုင်ထွန်းစာပဲကျန်တော့တယ်။ ဦးလေး အချိန်မီပြီးပါ့မလား"

လုချန်ရှန်းအဖို့ စဉ်းစားတွေးတောနေရန် အချိန်မရှိချေ။

ဦးလေးလီကတော့ ခေါင်းကို အသာအယာခါယမ်းလိုက်၏။ လုချန်ရှန်းနိုင်လိမ့်မည်ဟု သူမထင်ထားသည်မှာ သိသာလှသည်။

တစ်ဖက်တွင်မူ ဟူချင်းက လုံးဝစိုးရိမ်နေဟန်မတူ။

လျှို့ဝှက်တာအိုကျောင်းတော်တွင် သရုပ်ပြခဲ့သည့်ဆေးဝါးများကို သူဖော်စပ်ခဲ့စဉ်က ထိုဆေးများအားလုံးဟာ သူတို့ထက်သာလွန်သည်ချည်းသာ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now