အပိုင်း 15

319 30 1
                                    

အခန်း(၁၅) ရှင်ဘုရင် တစ်ကျော့ပြန်ရောက်ရှိလာခြင်း

မိုးတိမ်မည်းများသည် နေမင်းကြီးကို အုပ်မိုးကာနေရာယူလိုက်ပြီးနောက် မိုးစက်မိုးပေါက်များက ထျန်းယွမ်မြို့တော်အနှံ့ ရွာသွန်းလေတော့သည်။

ထိုအခိုက်အတန့်တွင် လမ်းမကြီးပေါ်တွင် လူသူကင်းရှင်းနေချေသည်။

သက်ဝင်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသောနေရာကတော့ ယဲ့မိသားစုအိမ်တော်သာလျှင် ဖြစ်သည်။ အကြောင်းမှာ ယဲ့ချိုးပိုင် ပြန်ရောက်လာသောကြောင့်ပင်။

ပင်မခန်းမကြီးထဲတွင် ယဲ့ချင်းသည် စားပွဲထိပ်တွင်နေရာယူထားပြီး အကြီးအကဲချုပ်ယဲ့လင်းက သူ့နံဘေးမှာထိုင်ကာ ယဲ့ယန်ကတော့ အနောက်မှာ မတ်တတ်ရပ်နေပေသည်။

သို့သော်ငြား ထိုအခိုက်အတန့်လေးမှာ ယဲ့ယန်၏အမူအရာသည် အလွန်တရာထူးဆန်းနေလေသည်။ သူသည် ယဲ့ချိုးပိုင်ကို အကြောက်တရားများပြည့်နှက်နေသော မျက်ဝန်းဖြင့် စိုက်ကြည့်နေချေသည်။

သူ့နေရာမှာသူ ကျကျနနထိုင်နေသောယဲ့လင်းသည်လည်း ပင်အပ်များအပေါ် ဖင်ခုထိုင်ထားရသလို ခံစားနေရသည်။

ယဲ့ယန်က ယဲ့ချိုးပိုင်အကြောင်းများကို သူ့အဖေအား ပြောပြပြီးသည်မှာ သိသာလှသည်။

ယဲ့ချိုးပိုင်လာ်း ယဲ့လင်း၏အရှေ့ကို လျှောက်လာပြီး ဒူးထောက်ချလိုက်သည်။

"အဖေ ကျွန်တော်ပြန်လာပါပြီ"

ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချင်းသည် သက်ပြင်းချလျက် ယဲ့ချိုးပိုင်အား ထူမပေးရန် အနားကိုလျှောက်သွားလိုက်သည်။

သူ တီးတိုးဆိုလိုက်၏။

"ချိုးပိုင်.. မင်း ပြန်မလာသင့်ဘူး"

ယဲ့ချိုးပိုင်က ပြုံးလျက်သာ ခွန်းတုံ့ပြန်လေ၏။

"အဆင်ပြေပါတယ် အဖေ။ ကျွန်တော်သာ အဖေ့ကိုကူညီဖို့ ပြန်မလာဘူးဆိုရင် အဖေ့ရဲ့မိသားစုခေါင်းဆောင်ဆိုတဲ့ ရာထူးကို တစ်ယောက်ယောက်က လုသွားတော့မှာမဟုတ်ဘူးလား"

ယဲ့ချိုးပိုင်သည် အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်ခြင်းဖြစ်ရာ ယဲ့လင်းလည်း ထိုစကားကို သေချာပေါက်ကြားလိမ့်မည်သာ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now