အပိုင်း 9

319 37 0
                                    

အခန်း(၉) ဒုတိယရိုက်ချက်

သိပ်မကြာခင်မှာပင် အနီရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် ဓားရှည်တစ်ချောင်းကိုင်ကာ လျှောက်လှမ်းလာပြီး အလယ်စင်မြင့်ထက်တွင် ခြေချလိုက်ချေသည်။

"ဓားသိုင်းခန်းမက ရှင်းဟုန်ယီပါ။ စံအိမ်တော်ကလူတွေ ဘယ်မှာလဲ။ အပေါ်တက်လာပြီး လာတိုက်လှည့်"

မလှမ်းမကမ်းမှာရှိနေသော လုချန်ရှန်းခမျာ အံ့သြမှင်သက်သွားရလေသည်။

"ချိုးပိုင်က ဒီမိန်းကလေးကို ရန်စထားမိလို့လား။ ဘာလို့ သူ့ကိုအပေါ်တက်လာဖို့ စိန်ခေါ်နေတာလဲ"

ထိုစကားကိုကြားသောအခါ ဓားသိုင်းခန်းမအကြီးအကဲ၏မျက်နှာမှာ မည်းခနဲဖြစ်သွားရသည်။

"တိတိကျကျပြောရရင် မင်းက သူ့ကိုရန်စခဲ့တာလေ"

"ဟင်"

လုချန်ရှန်းမှာ သူ့ကိုယ်သူလက်ညှိုးထိုးပြလျက် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလာလေသည်။

"မဟုတ်ပါဘူး။ ကျွန်တော် မိန်းကလေးတစ်ယောက်ရဲ့လက်ကိုတောင် ကိုင်ဖူးတာမဟုတ်ဘူး။ ဘယ်လိုလုပ် သူ့ကိုရန်စရမှာလဲ"

သိုင်းပညာခန်းမအကြီးအကဲက မျက်နှာကိုလက်ဖြင့်အုပ်ထားလိုက်ရင်း ဒေါသတကြီးပြောလေတော့သည်။

"ငါတို့တပည့်ရွေးချယ်ပွဲတုန်းက ရှင်းဟုန်ယီက မင်းရဲ့စံအိမ်တော်မှာ တပည့်ခံချင်ခဲ့တာ။ ဒါပေမဲ့ မင်းက သူ့ကိုမောင်းထုတ်လိုက်တာလေ"

"အဓိကကတော့ အဲ့ဒီတုန်းက မင်းက သူ့ကိုကျော်ပြီး တခြားတပည့်တစ်ယောက်ကို လက်ခံခဲ့တဲ့အတွက် သူ့အနေနဲ့လည်း သူက ယဲ့ချိုးပိုင်ထက်ပိုသာတယ်ဆိုတဲ့အကြောင်း သက်သေပြချင်နေမှာ သေချာပေါက်ပဲ"

လုချန်ရှန်း၏အမူအရာမှာ ထူးဆန်းသွားရလေသည်။

အခြားလူများသည်လည်း ရှင်းဟုန်ယီကို သတိထားမိသွားကြသည်။

"သူက အဲ့ဒီတုန်းက စံအိမ်တော်ကနေ အငြင်းခံလိုက်ရတဲ့တစ်ယောက်မလား"

"ဒါကြောင့် စံအိမ်တော်ရဲ့တပည့် ယဲ့ချိုးပိုင်ကို သူစိန်ခေါ်ချင်နေတာပေါ့"

ငါ့တပည့်တွေက ဘုရင်တွေ Όπου ζουν οι ιστορίες. Ανακάλυψε τώρα