အပိုင်း 91

227 29 0
                                    

အခန်း ၉၁ : လုချန်ရှန်းရောက်လာခြင်း

ထိုအခိုက်အတန့်တွင် သတ်ဖြတ်ရေးဆန္ဒများက အဖြူရောင်တောင်တန်းနယ်မြေအထက်တွင် ပြည့်နှက်သွားလေသည်။

သတ်ဖြတ်ရေးဆန္ဒများ ထွက်ပေါ်လာတော့မည့်ဟန်ပင်။ ၎င်းသည် လေထုထဲတွင် အရည်ကြည်များနှယ် ကပ်နေလေသည်။

သံချပ်ကာယန္တရားတပ်မှ ထုတ်လွှတ်လာသောသတ်ဖြတ်ရေးစျာန်အဘိညာဉ်များဟာ ပြင်းထန်လှစွာသောသွေးပင်လယ်ကြီးတစ်ခုအလားပင်။

ရလဒ်အနေနှင့် ကြီးမားလှသောအဖြူရောင်တောင်တန်းနယ်မြေအထက်ရှိ ကောင်းကင်ကြီးမှာ သွေးရောင်လွှမ်းသွားရလေသည်။

"ဒီလောက်ဆိုရင် မင်းကိုသတ်ဖို့လုံလောက်ပြီမဟုတ်လား"

ကြောက်မက်ဖွယ်ကောင်းလှသော ဟွမ်းထျန်းမင်၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင်၏အမူအရာမှာ ပြောင်းလဲမသွားသလို အံ့လည်းအံ့ဩမသွားပေ။

နှစ်ဖက်စလုံးမှာ အသေအကြေတိုက်ရမည့်ရန်သူများသာ ဖြစ်၏။

ယခုအချိန်မှာ သူကပိုမိုသန်မာလာသည့်အတွက် ဟွမ်းထျန်းမင်မှာ သူ့ကိုရှင်းထုတ်ပစ်ရန် အနည်းငယ်စိတ်ဖိစီးနေမှာအသေအချာပင်။

သို့သော် တစ်ဖက်လူက ဤနေရာမှာလှုပ်ရှားလာလိမ့်မည်ဟု သူထင်မထားပေ။

လျှို့ဝှက်တာအိုကျောင်းတော်ရဲ့စွမ်းအားကို သူမကြောက်ဘူးလား...

ယဲ့ချိုးပိုင် အသာအယာခေါင်းခါယမ်းလိုက်သည်။

"ကြည့်ရတာ မင်းရူးသွားပြီထင်တယ်"

ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်ခမျာ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိလေသည်။

"အဲ့ဒီတော့ဘာဖြစ်လဲ။ မင်းကိုသတ်လို့ရသရွေ့တော့ နေမဝင်အင်ပါယာဘက်က နည်းနည်းလောက်ပေးဆပ်လိုက်ရလည်း ဘာအရေးလဲ"

ယဲ့ချိုးပိုင် အတောင်စုံသွားသည်နှင့် သူ ယဲ့ချိုးပိုင်ကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ချေ။

ထိုအချိန်ကျလျှင် နေမဝင်အင်ပါယာလည်း တဖြည်းဖြည်းကျဆုံးလာပေလိမ့်မည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now