အပိုင်း 113

208 31 0
                                    

အခန်း ၁၁၃ : ပြောရင်းဆိုရင်း ပေါ်လာပါပြီ

အတိဒုက္ခဆေးဝါး ပျောက်ကွယ်သွားပြီး မိုးတိမ်မည်းများလည်း ကင်းစင်ပပျောက်စပြုလာလေပြီ။

နေရောင်ခြည်တန်းများက မိုးတိမ်မည်းများ၏အကာအရံမှ ဖောက်ထွက်လာ၏။

အလင်းတန်းများမှာ  အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်အလား ကမ္ဘာမြေပေါ်သို့ တစ်ဖန်ကျရောက်လာပြန်လေသည်။

ကောင်းကင်အဆင့်ဆေးဝါးသည်ကား ပြီးမြောက်သွားလေပြီဖြစ်၏။

မဟာအကြီးအကဲက ကောင်းကင်ထက်တွင် ခုနစ်ရောင်စဉ်အလင်းတန်းများကိုထုတ်လွှတ်နေသောဆေးကို ကြည့်လိုက်မိသည်။

သူ အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။

အဂ္ဂိရတ်ညီလာခံထဲတွင် လျှို့ဝှက်အဂ္ဂိရတ်မဟာသခင်တစ်ဦးရှိနေလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။

ပွဲကြည့်စင်ထဲ၌..

ဟူချင်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။

ဤကလေးချန်ရှန်းမှာ သူတို့လျှို့ဝှက်တာအိုကျောင်းတော်ကို ဂုဏ်သရေများ အမှန်စင်စစ်ဆောင်ကြည်းခဲ့​လေပြီ။

မုဝမ်အာက ဦးလေးလီကိုကြည့်ပြီး သိချင်စိတ်များဖြင့်မေးလိုက်၏။

"ဦးလေးလီ.. အဲ့ဒါ အောင်မြင်သွားပြီလား"

ဦးလေးလီကလည်း စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ခေါင်းညိတ်ပြလေသည်။

အစက သူအထင်သေးခဲ့မိသော လုချန်ရှန်းဟာ ဤနေရာရှိအဂ္ဂိရတ်ပညာရှင်များထက် သာလွန်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ကမ္ဘာကြီးက အမှန်စင်စစ်ကြိုတင်ခန့်မှန်းရခက်ပါလား...

ခပ်ဝေးဝေးတွင် ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့် အခြားလူများမှာ အတိဒုက္ခဆေးဝါး၏နောက်ဆက်တွဲလှိုင်းလုံးဒဏ်ကို ခံနိုင်ရည်မရှိတော့သည့်အချိန်ကတည်းက ပေတစ်ထောင်အကွာသို့ နောက်ပြန်ဆုတ်သွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူတို့လည်း ထိတ်လန့်သွားရှာလေ၏။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now