အပိုင်း 11

319 34 0
                                    

အခန်း(၁၁) : တတိယသိုင်းကွက်

"စီနီယာအစ်ကိုဟော်က ဘာလို့အပေါ်တက်သွားတာလဲ"

"စီနီယာအစ်ကိုဟော်က ခရမ်းရောင်ဘုံဗိမာန်အလယ်လတ်တန်းအဆင့်ပဲရှိသေးတယ်ဆိုပေမဲ့ သူက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ပညာရှင်တွေကိုတောင် သုတ်သင်နိုင်တဲ့လူနော်"

"ဟော်ချင်းမင်.. သူက ဘာလို့အပေါ်တက်သွားရတာလဲ"

မလှမ်းမကမ်းရှိ သိုင်းပညာခန်းမ၏အကြီးအကဲမှာ မသိမသာမျက်မှောင်ကြုတ်လျက် ပြောသည်။

"ဒါက အားနည်းသူကိုအနိုင်ကျင့်နေတာမဟုတ်ဘူးလား"

ဟော်ချင်းမင်၏ခွန်အားကို သူကောင်းစွာနားလည်သည်။

သူ့အမြင်အရဆိုလျှင် လက်ရှိယဲ့ချိုးပိုင်သည် ဟော်ချင်းမင်ကို အောင်နိုင်ခြေလုံးဝမရှိချေ။

လုချန်ရှန်း၏ပုံစံမှာ အသည်းနှလုံးကင်းမဲ့နေဟန်ပင်။

မည်သို့ပင်ဖြစ်စေ တစ်ယောက်ယောက်ကတော့ သူ့ကိုကယ်တင်လာချေပြီ။

အဲ့ဒါထက် ယဲ့ချိုးပိုင်က တကယ်ရှုံးတော့မှာလား။

ဤသည်မှာ ကိစ္စကြီးမဟုတ်လှပေ။

ဟော်ချင်းမင်သည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး ခပ်နိမ့်နိမ့်အသံဖြင့် စကားဆို၏။

"ငါ အားနည်းသူကို အနိုင်မကျင့်ချင်ပါဘူး။ ဒါပေမဲ့ ငါ လူတစ်ယောက်အပေါ် ကျေးဇူးကြွေးတင်နေတာလေးရှိလို့။ မင်းနားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ယဲ့ချိုးပိုင်မှာ အနည်းငယ်မျှမှင်တက်သွားရသည်။ တစ်စုံတစ်ယောက်က သူ့အား ဒုက္ခပေးချင်နေဟန်ပင်။

"ဘယ်သူလဲ"

ဟော်ချင်းမင်သည် ခေါင်းခါယမ်းလျက် ပြောလေသည်။

"မင်း ငါ့ကိုနိုင်တယ်ဆိုမှပဲ ပြောပြနိုင်မယ်။ မင်း ရှုံးရင်တော့ အဲ့ဒါကိုသိလည်း အလကားပဲလေ"

တကယ်ဆိုလျှင် ယဲ့ယန်၏တောင်းဆိုချက်မှာ ယဲ့ချိုးပိုင်ကို မသန်မစွမ်းဖြစ်သွားအောင်လုပ်ခိုင်းခြင်းပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now