အပိုင်း 20

306 31 0
                                    

အခန်း(၂၀) : ဆရာ ရှင်က ဓားသိုင်းကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား

[တပည့်လက်ခံခြင်းစစ်ဆင်ရေးကို အောင်မြင်တဲ့အတွက် လက်ခံသူကိုဂုဏ်ပြုပါတယ်]

[ဆုလာဘ် : တာအိုနိယာမလှံတံ၊ တာအိုနိယာမမီးတောက်၊ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ၊ ကိုးဘဝဝင်စားရေးဆေးဖော်နည်း၊ ကျင့်ကြံရေးသက်တမ်း နှစ်၂၀၀၀]

မိုက်လိုက်တာ...

မူလကတော့ လုချန်ရှန်းသည် ဤဧကရီကိုအောင်နိုင်ဖို့ အချိန်အတော်ယူရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူသည် ထိုကိစ္စအတွက် နည်းလမ်းတစ်ခုကိုပင် ရှာဖွေဖော်ထုတ်နေသော်လည်း သူ(မ)ကတော့ သူ့ဘာသာအောင်မြင်သွားခဲ့လေသည်။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင်ကလည်း လျှို့ဝှက်တာအိုကျောင်းတော်ကို အချိန်မီပြန်ရောက်လာလေသည်။

သိုင်းပညာယှဉ်ပြိုင်ပွဲကြီးပြီးကတည်းက သူသည် လျှို့ဝှက်တာအိုကျောင်းတော်တစ်ခွင် အလွန်နာမည်ကြီးလာလေ၏။

"စီနီယာအစ်ကိုယဲ့"

"အာ.. စီနီယာအစ်ကိုယဲ့ရဲ့ခွန်အားက ပိုပြီးတောင်သိပ်သည်းလာသလိုပဲ။ ထပ်ပြီးအဆင့်တက်သွားတာလား"

"ဟူး စီနီယာအစ်ကိုယဲ့ပီသပါပေတယ်"

ယဲ့ချိုးပိုင်သည် တစ်ယောက်ချင်းစီကို စကားပြန်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူ စိတ်ထဲတွင် မတွေးဘဲမနေနိုင်ချေ။

ဟူး.. ဆရာက ဘယ်တော့မှများ ဂျူနီယာညီလေးညီမလေးတွေကို လက်ခံမှာပါလိမ့်..

"ဟူး..စီနီယာအစ်ကိုယဲ့.. စီနီယာလုက မိန်းမလှလေးတစ်ယောက်ကို ခေါင်းဆောင်ရှိတဲ့နေရာကိုခေါ်သွားတာ ကျွန်တော်တွေ့လိုက်တယ်"

"ကြည့်ရတာ စီနီယာအစ်ကိုယဲ့ရဲ့ဂျူနီယာလေးထင်တယ်"

"???"

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်သည် ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

စံအိမ်တော်ကို သူပြန်ရောက်သောအခါ စံအိမ်တော်ထဲမှထွက်လာသော မိန်းမလှလေးနှင့် လုချန်ရှန်း၏အရှေ့တွင်ချထားသော ထမင်းပန်းကန်များကို မြင်လိုက်ရသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now