အပိုင်း 24

301 29 0
                                    

အခန်း(၂၄): စွမ်းအားကြီးသော

နေမဝင်အင်ပါယာမှလာသူ စုစုပေါင်းလေးယောက်ရှိပြီး ထိုလေးယောက်စလုံးမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်၌ရှိသူများ ဖြစ်၏။

ထို့ပြင် သူတို့၏ခန္ဓာကိုယ်ပတ်ပတ်လည်မှာ သတ်ဖြတ်လိုသောအရိပ်အယောင်များ ဝေ့ဝဲနေချေသည်။

ထိုလူလေးယောက်မှာ ရုပ်ကလာပ်တောင်တန်းနှင့် သွေးပင်လယ်ထဲတွင် လေ့ကျင့်ရေးဆင်းထားကြမှန်း သိသာသည်။

တစ်ချိန်တည်းမှာပင် သူတို့လေးယောက်၏အနောက်မှာလည်း ဝတ်စုံနက်ဝတ်ထားသည့်လူသုံးယောက်လည်း ရှိနေသေးသည်။

၀တ်ရုံနက်၀တ်ထားသေလူများသည် သူတို့၏ ကျင့်ကြံရေးအရှိန်အဝါများကိုဖုံးကွယ်ရန်အတွက် သီးသန့်ရတနာတစ်ခုကို အသုံးပြုထားပုံပေါ်ပြီး သူတို့၏တည်ရှိမှုကို သတိမထားမိအောင် ပြုလုပ်ထားပေသည်။

"သဘောတူညီချက်အရဆိုရင် တောင်ပိုင်းနယ်မြေရဲ့ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲမှာပါ၀င်ဆင်နွှဲဖို့ ငါတို့ရဲ့နေမဝင်အင်ပါယာက ထျန်းယွမ်မြို့တော်မှာ နေရာခုနစ်နေရာမှာပါဝင်ရလိမ့်မယ်"

ခေါင်းဆောင်ဖြစ်သူက သြရှရှအသံဖြင့်ပြောလေသည်။

"ဒီအခွင့်အရေးကိုအသုံးချပြီး တောင်ပိုင်းက တောသားအရိုင်းအစိုင်းတွေ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရသေးတာပေါ့"

သူက ဆက်လက်လှောင်ပြောင်လေ၏။

ခွန်အားအရာ၌ တောင်ပိုင်းနယ်မြေသည် နောက်ကောက်ကျကျန်ခဲ့ပြီဖြစ်ပြီး အခြားသူများက အသုံးမကျသောတောင်ပိုင်းနယ်မြေဟု သမုတ်ကြလေသည်။

တောင်ပိုင်းကျေးလက်နေပြည်သူများကိုလည်း အရိုင်းအစိုင်းများဟု ခေါ်ဝေါ်ကြသည်။

ထျန်းမင်၏မျက်ဝန်းထဲမှာ ဒေါသအရိပ်အယောင်များရှိနေသော်ငြား သူ မျိုသိပ်ထားရုံသာတတ်နိုင်သည်။

လျှို့ဝှက်တာအိုကျောင်းတော်မှ တစ်စုံတစ်ယောက်က ဒေါသတကြီးအော်ဟစ်လာချေသည်။

"အရိုင်းအစိုင်းတွေတဲ့လား။ မင်းတို့မြောက်ပိုင်းနယ်မြေကလည်း တအားသန်မာတယ်လို့ ငါ မထင်ပါဘူး။ ဟုတ်တယ်မလား"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now