အပိုင်း 98

250 32 0
                                    

အခန်း ၉၈ : တောင်ပိုင်းဒေသ၏လျှို့ဝှက်အန္တရာယ်

ချင်းထျန်းနျန် ဤအဖြစ်ကို လုံးဝမမျှော်လင့်ထားပေ။

လုချန်ရှန်း၏တပည့်အသစ်မှာ အလွန်အစွမ်းထက်လှသည်။

ထို့ပြင် ဤသည်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမျှသာဖြစ်၏။

ဝိညာဉ်ချီစွမ်းအင်ကိုသုံးမထားသည့်အတွက် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က မည်မျှသန်မာလေကြောင်း မြင်နိုင်လေသည်။

စံအိမ်တော်ထဲတွင် လေလှိုင်းလုံးများ ဆက်လက်ပေါက်ကွဲနေချေသည်။

ဖုန်မှုန်းများကလည်း နေရာအနှံ့လွင့်စဉ်ကုန်၏။

ချင်းထျန်းနျန်၏အမူအရာလည်း ပြောင်းလဲသွားသည်။

လက်ရှိတွင် မဟူရာမှာ သာမန်ဆန်ပြီးရိုးသားသောအသွင်အပြင်လေးမှ သတ်ဖြတ်ရေးယန္တရားကြီးအဖြစ် ပြောင်းလဲသွားလေပြီ။

ဤလက်သီးချက်တစ်ချက်မျှကပင် ခုခံကာကွယ်ရေး၌ သူ့အတွက်အစွမ်းထက်လှပြီဖြစ်၏။

ထိုအချိန်တွင် မဟူရာက သူ့လက်သီးကိုပြန်ရုပ်ကာ တစ်ဖန်မြှောက်လိုက်ပြီး ချင်းထျန်းနျန်ကို တိုက်ခိုက်လေသည်။

ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်၏အမူအရာမှာ တစ်ဖန်ပြောင်းလဲသွားပြန်လေ၏။

သူ့လက်ဖဝါးကိုထုတ်ကာ အလောတကြီးတိုက်ခိုက်လိုက်ရသည်။

ဤတစ်ကြိမ်တွင် ချင်းထျန်းနျန် ခုခံနိုင်စွမ်းမရှိတော့ပေ။ သူ့ပါးစပ်ထဲမှ သွေးများထွက်လာပြီး နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ လုချန်ရှန်းသည် ချင်းထျန်းနျန်၏အနောက်သို့ ချက်ချင်းသွားကာ မြေပြင်ပေါ်သို့မကျအောင် လက်ဝါးဖြင့်တွန်းကန်ပေးထားလိုက်ရသည်။

ထို့နောက် သန့်စင်သောဝိညာဉ်ချီစွမ်းအင်များကို ချင်းထျန်းနျန်၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပြီး သူ့မျှ​ခြေကိုပြုပြင်ပေးလိုက်သည်။

ဒဏ်ရာများကိုကုစားရန်အတွက်လည်း ချင်းထျန်းနျန်၏ပါးစပ်ထဲကို ဆေးတစ်လုံးထည့်ပေးလိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now