အပိုင်း 101

260 27 0
                                    

အခန်း ၁၀၁ : အဂ္ဂိရတ်ဆရာအကဲဖြတ်ပွဲ

တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်၌...

လုချန်ရှန်း ဘာမှလုပ်စရာရှိမနေသည့်အတွက် ကျောင်းတော်ထဲသို့ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့ကိုတွေ့သည့်ကျောင်းသားတိုင်းက ဦးညွှတ်ပြီး စီနီယာလုဟု တရိုတသေခေါ်ကြသည်။

သူတို့က သူ့ကိုဘာမှမပေးသော်ငြား ထိုခေါ်သံကိုကြားရသောအခါ သူ အလွန်စိတ်ကျေနပ်သွားရချေသည်။

သေချာပေါက်ပင် ထိုကျေနပ်မှုကိုတော့ မျက်နှာပေါ်မှာထုတ်မပြပေ။ သူ့အနေနှင့် ခပ်လျှိုလျှိုနေရမည်သာဖြစ်၏။

ဟူး.. ခပ်လျှိုလျှိုလေး...

လုချန်ရှန်း၏အမည်နာမမှာ ကျောင်းတော်ထဲတွင် ပျံ့နှံ့သွားပြီး ကျော်စောလာပေသည်။

အချို့လူများဆိုလျှင် "မင်း လျှို့ဝှက်တာအိုကျောင်းတော်မှာ ကျောင်းအုပ်ကြီးကိုမသိလည်းဖြစ်တယ်။ ဒါပေမဲ့ လုချန်ရှန်းကိုတော့ သိကိုသိနေရမယ်"ဟုပင် ပြောနေကြသေးသည်။

ဤ...

လုချန်ရှန်း ကျောင်းတော်တစ်ဝိုက်လမ်းလျှောက်နေရင်း တပည့်အချို့ထွက်လာသည်။

ထိုတပည့်များက သူ့ကို တရိုတသေနှုတ်ဆက်ကြ၏။

"စီနီယာလု"

ထိုအချိန်မှာ လုချန်ရှန်းက ပြုံးပြရင်းခေါင်းညိတ်ပြလိုက်သည်။

ဆေးဝါးခန်းမ၏နယ်မြေထဲကို ရောက်ခါနီးမှာ လုချန်ရှန်းခမျာ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် တစ်ဖက်ကိုလှည့်ပြေးကာ ထွက်ခွါရန်အသင့်ပြင်လိုက်သည်။

သို့မဟုတ်ပါက ထိုအကြီးအကဲက သူ့ကိုဆွဲခေါ်ပြီး မေးခွန်းများထပ်မေးနေပေဦးမည်။

သို့သော် တစ်ခါတစ်ရံတွင် ပုန်းဖို့ကြိုးစားလေလေ ပုန်းကွယ်ဖို့ခက်လေလေပင်။

ထိုအချိန်၌ ဆေးဝါးခန်းမအကြီးအကဲကလည်း လမ်းလျှောက်ထွက်လာလေသည်။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းခမျာ ဆတ်ခနဲတုန်ယင်သွားပြီး ထွက်ပြေးရန်ပြင်လိုက်၏။

ငါ့တပည့်တွေက ဘုရင်တွေ Wo Geschichten leben. Entdecke jetzt