အပိုင်း 13

342 33 2
                                    

အခန်း(၁၃) : မြေအောက်ဘုံကိုးဌာနေနန်းတော်

လူတွေ သေလွန်ပြီးနောက် သူတို့၏ဝိညာဉ်ဟာ မြေအောက်လောကကိုးဌာနေနန်းတော်ကို သွားကြရသည်ဟူသော ဒဏ္ဌာရီတစ်ခုရှိသည်။ ပြန်လည်မမွေးဖွားခင်စပ်ကြားကာလမှာ သေမင်းမြစ်ပြင်ကျယ်ကြီးတွင် ယခင်ဘဝတုန်းက သူတို့၏မှတ်ဉာဏ်များကိုဆေးကြောပစ်ကြရသည်။

ထိုနေရာမှာ ကောင်းကင်ကြီးက မီးခိုရောင်ရှိပြီး ပတ်ပတ်လည်ရှိလေထုမှာ သိသိသာသာနောက်ကျိနေလေ၏။

လုချန်ရှန်း ဟိုဟိုသည်သည်လှည့်ပတ်ကြည့်ရှုလိုက်မိသည်။ သူ့အရှေ့တွင် အဝါရောင်မြစ်ပြင်ကြီးတစ်ခုရှိပြီး ထိုမြစ်ပေါ်မှာ တံတားတစ်စင်းလည်း ထိုးထားသေးသည်။

ထိုအချိန်မှာ မရေမတွက်နိုင်အောင်များပြားသော အဖြူရောင်ဝိညာဉ်များသည် ထိုတံတားကို ကူးဖြတ်နေကြသည်။

တံတား၏တစ်ဖက်ခြမ်းတွင် စာလုံးခပ်ကြီးကြီးထွင်းထုထားသော ဧရာမတံခါးဘောင်ကြီးတစ်ခု ရှိသည်။

မြေအောက်နန်းတော်..

"ငါ့ရဲ့မြေအောက်လောကကိုးဌာနေနန်းတော်ကို ဘယ်သူကျူးကျော်ရဲတာလဲကွ"

ရုတ်ခြည်းပင် ကောင်းကင်ယံဆီမှ ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာပြီး ထိုအသံသည် ဤနေရာကြီးတစ်ခုလုံးကို ပျံ့နှံ့သွားချေသည်။

လုချန်ရှန်းလည်း သေမင်းတမန်အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လေထုထဲရှိထိုပုံရိပ်ကို ကြည့်လိုက်မိသည်။

"မင်းက ဘယ်သူလဲ"

ပုံရိပ်တွေထဲကတစ်ခုသည် မေးခွန်းထုတ်လာ၏။

"မြေအောက်နန်းတော်ကို မင်း ဘာလို့ရောက်လာတာလဲ"

ပုံမှန်ဆိုလျှင် မည်သည့်သက်ရှိကမှ မြေအောက်နန်းတော်ဆီကို လာလို့မရပေ။ ဤနေရာကိုလာရောက်ကြသူများက ပင်မလောကကြီးတွင် သေဆုံးပြီးသူများသာဖြစ်၏။

သို့သော် မြေအောက်လောကကိုးဌာနေနန်းတော်ကို ဝင်ရောက်နိုင်သော သက်ရှိများကတော့ ကျွမ်းကျင်သူပညာရှင်များပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now