အပိုင်း 84

259 33 0
                                    

အခန်း ၈၄ : တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်း၊ ဓားသွားတောင်စွန်း

အာဒိကပ္ပဓားသိုင်းကျမ်းတွင်  အဆုံးမဲ့အသက်ဓာတ်စွမ်းအားများ ပါဝင်လေသည်။

ရေခဲမြူအလွှာများကို သီးခြားပိုင်းခြားထားသည်မှာလည်း ဤစွမ်းအားများပင်။ သို့သော် ယဲ့ချိုးပိုင်ကမူ အအေးဓာတ်ကိုလုံးဝမခံစားရပေ။

ဆံဖြူအမျိုးသမီးမှာ ထိုမြင်ကွင်းကိုမြင်သော် အနည်းငယ်မျှပါးစပ်အဟောင်းသားဖြစ်သွားရှာသည်။ သူ(မ) တွေဝေမိန်းမောလျက်ပြောလိုက်၏။

"ရှင် ဘယ်လိုလုပ်လိုက်တာလဲ"

စွမ်းအားကြီးပုဂ္ဂိုလ်သာလျှင် သူ(မ)အနားကို ချဉ်းကပ်လာနိုင်ပေသည်။

သို့သော် ထိုသူသည်လည်း သက်ရောက်မှုရှိလိမ့်မည်ပင်။

ဌာနချုပ်၏အကြီးအကဲမှာ နယ်မြေလေးခုသတ်မှတ်ချက်စာရင်းတွင် တတိယနေရာတွင်ရှိ၏။ သူ သူ(မ)အနားကိုချဉ်းကပ်လာချိန်မျိုးတွင် သူ၏လှုပ်ရှားမှုများမှာ သက်ရောက်မှုရှိလေသည်။

သို့သော် ယဲ့ချိုးပိုင်ကမူ ဘာမှမဖြစ်သည့်အလား ပြုမူနေသည်။

ယဲ့ချိုးပိုင်ပြုံးလျက်ပြောလိုက်၏။

"ငါ့ရဲ့ကျင့်ကြံရေးနည်းဗျူဟာက ထူးခြားနေလို့လေ..ဟုတ်တယ်မလား"

"အထူးကျင့်ကြံရေးနည်းဗျူဟာလား"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြပြီး အေးခဲနေသောငါးကိုကြည့်လိုက်သည်။

"မင်း ငါးကင်စားချင်တယ်လို့ပြောလိုက်တာမလား"

ဆံဖြူအမျိုးသမီးက ယဲ့ချိုးပိုင်ကိုကြည့်၍ ခေါင်းညိတ်ပြသည်။ တောက်ပလှသော သူ(မ)၏မျက်ဝန်းလေးမှာ မျှော်လင့်စောင့်စားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထိုအရာကိုမြင်သော် ယဲ့ချိုးပိုင်က ခဏမျှတွေးတောလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့လက်မှာ အဆုံးမဲ့အသက်ဓာတ်စွမ်းအားများဖြင့် ဖုံးအုပ်ခံထားရသည်။ ထို့နောက် အေးခဲနေသောငါးကိုဖမ်းဆုပ်ပြီး မီးမွှေးလိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now