အပိုင်း 23

295 29 0
                                    

အခန်း (၂၃) : စုဝေးခြင်း

သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲမှာ နောက်တစ်ရက်တွင် စတင်လေသည်။

ဓားသိုင်းခန်းမ၏အကြီးအကဲသည် စံအိမ်တော်ဆီကိုရောက်လာပြီး ဟုန်ရင်နှင့် ယဲ့ချိုးပိုင်ကို ခေါ်သွားလေသည်။

သွားရာလမ်းတွင် ဓားသိုင်းခန်းမ၏အကြီးအကဲက ယဲ့ချိုးပိုင်အပေါ် သူဂရုတစိုက်ရှိကြောင်း ပြသလာပေသည်။

"ဒီတလော လုချန်ရှန်းဆီက ဘာတွေသင်ယူခဲ့သေးလဲ"

"မင်းရဲ့ဓားသိုင်းတာအိုကျင့်ကြံရေးကို အရှိန်မလျှော့လိုက်ဘူးမလား။ တကယ်လို့ ရွေးစရာမရှိတော့ဘူးဆိုရင်လည်း ငါ့ရဲ့ဓားသိုင်းခန်းမကို လာခဲ့လေ။ ငါ မင်းအတွက် အကောင်းဆုံးဆိုတဲ့ ဓားသိုင်းတာအို အရင်းအမြစ်တွေစီစဉ်ပေးမှာပါ"

ယံ့ချိုးပိုင်ခမျာ ခါးသက်သက်ပြုံးပြရင်း ငြင်းရုံသာတတ်နိုင်လေသည်။ တကယ်တမ်းမှာမူ သူ့တွင် လက်ရှိပိုင်ဆိုင်ထားသမျှသည် လုချန်ရှန်းပေးထားခြင်းသာဖြစ်၏။

ထို့ပြင် ဓားသိုင်းခန်းမက သူ့အား အစိမ်းရောင်တိမ်တိုက်ဓားသွား၊ ဖန်တီးရေးဆေးတောင့်နှင့် အာဒိကပ္ပဓားသိုင်းကျမ်းကဲ့သို့သောအရာများကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မထင်ပေ။

ထိုအခြင်းအရာကိုမြင်နေရသည့် ဟုန်ရင်ကလည်း တခစ်ခစ်ရယ်မောလေတော့သည်။

ဓားသိုင်းခန်းမ၏အကြီးအကဲအနေနှင့် သူ့စွမ်းအားကို ဘာကြောင့် ဤမျှမက်မောရသလဲဆိုသည်ကို သူ(မ)နားလည်သည်။

ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုစွမ်းအားမှာ အမှန်တကယ်ပင် အလွန်မြင့်မားလှသည်။

သူ(မ)ပင်လျှင် ဓားသိုင်းကျင့်ကြံရေး၌ ပိုမိုသင့်တော်မည့်လူမျိုးကို မတွေ့ခဲ့ဖူးချေ။

ယဲ့ချိုးပိုင်သည် ဓားသိုင်းကျင့်ကြံဖို့ မွေးဖွားလာသူဖြစ်၏။

သူတို့ရောက်သွားချိန်မှာ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲ ကျင်းပရာနေရာ၏ဝင်ပေါက်တွင် လူများအုံခဲနေချေပြီ။

ထိုအထဲမှာ ဟော်ချင်းမင်၊ ရှင်းဟုန်ယီနှင့် အခြားလူများကိုပါ တွေ့နိုင်လေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now