အပိုင်း 97

210 26 0
                                    

အခန်း ၉၇ : ဓားဆန္ဒများ ညအမှောင်ထဲသို့တစ်ဟုန်ထိုးနှင်သွားခြင်း

ကစဉ့်ကလျားအမြုတေဓားကိုယ်ထည်

ဤသည်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ပိုင်းဆိုင်ရာခွန်အားဟုတော့ မဆိုထိုက်ပေ။

သို့သော် ဤဓားသိုင်းကိုယ်ထည်နှင့်ဆိုပါက ဓားသိုင်းကျင့်ကြံဖို့မွေးဖွားလာသည်ဟု ဆိုနိုင်လေသည်။

ဓားနှင့်ပတ်သက်ပြီး သဘာဝအထုံးပါရမီပါလာရုံသာမက ဓားသိုင်းကျင့်စဉ်များကိုသိနားလည်ခြင်းနှင့် ဓားသိုင်းတာအိုကျင့်ကြံခြင်းဟာ ခွန်အားစိုက်ထုတ်မှုတစ်ဝက်မျှဖြင့်  ရလဒ်ကောင်းနှစ်ဆဖြစ်ပေါ်လာစေနိုင်သည်။

ဓားဆန္ဒသည်လည်း ထိုနည်းလည်းကောင်းပင်။

ကစဉ့်ကလျားအမြုတေဓားကိုယ်ထည်နှင့်သာဆိုလျှင် ဓားသိုင်းတာအို၏အုပ်စိုးသူတစ်ယောက်ဖြစ်ရန် မွေးဖွားလာသည်ဟုပင်ဆိုနိုင်သည်။

ထို့ပြင် လုချန်ရှန်းကလည်း ယဲ့ချိုးပိုင်ကို ဆေးတချို့ပေးထားသေးသည်။

၎င်းကလည်း ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို အင်အားတောင့်တင်းစေလေသည်။

ထိုအချက်များကြောင့် ဓားသင်္ချိုင်းထဲရှိဓားဆန္ဒများကို ယဲ့ချိုးပိုင် ခံနိုင်ရည်ရှိနေခြင်းပင်။

ဓားသင်္ချိုင်း၏အပြင်ဘက်၌...

ဓားဆန္ဒမှာ ကောင်းကင်ထက်သို့ ပေသုံးရာအမြင့်အထိ ဆန်တက်သွားလေ၏။

ဤအဓိပ္ပာယ်မှာ ယဲ့ချိုးပိုင်တစ်ယောက် မီးတာသုံးဆယ်အထက်ကို ချီတက်သွားလေပြီဟူသည့်သဘောပင်။

ဤအခြင်းအရာကြောင့် လျှို့ဝှက်ဓားသွားဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များမှာ ထိတ်လန့်သွားရလေသည်။

"ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ။ မီတာသုံးဆယ်တောင်ကျော်သွားပြီတဲ့လား"

"ပြီးတော့ ဒါက သူ ပထမဆုံးအကြိမ်ဝင်တာလေ ဟုတ်တယ်မလား။ စီနီယာအစ်ကိုလျန်တောင် ပထမဆုံးတစ်ခေါက်မှာ ဆယ်မီတာပဲသွားနိုင်ခဲ့တာကို"

"ဒီကောင်လေးရဲ့ဓားသိုင်းတာအိုစွမ်းရည်က တကယ်ကြီးအဲ့လောက်တောင်မြင့်တာလား"
အဂူဗိမာန်အရှေ့မှာ ယဲ့ချိုးပိုင်ကိုရန်စခဲ့သည့်လူတစ်စုမှာ ဤမြင်ကွင်းကိုမြင်လိုက် ချိန်တွင် အမူအရာများပုပ်သိုးသွားလေတော့သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now