အပိုင်း 66+67+68+69+70

312 32 0
                                    

အခန်း ၆၆ : မင်းရဲ့ဖရဲသီးက... မှည့်ပြီလား

ပင်မခန်းမထဲ၌..

ခေါင်းရိုက်သံက ခန်းမထဲ၌ ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

အရိပ်လုပ်ကြံရေးအစီအရင်လည်း ပျောက်ကွယ်သွားသည်။

လုချန်ရှန်းက ဗိမာန်အရှင်၏ခေါင်းကို ပိတ်တီးလိုက်သည်ကို မြင်လိုက်ရသောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသူခမျာ အံသြဘနန်းဖြစ်သွားရသည်။

သူ့ဗိမာန်အရှင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်နေရာ၌ ရှိသည်။

မရေမတွက်နိုင်သောလူအများအပြားက ကြောက်ရွံ့တုန်လှုပ်ရသော အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် ကော်လံမှဆွဲချုပ်ခံထားရပြီး ငယ်ရွယ်သေးပုံပေါ်သည့်လူတစ်ယောက်၏ခေါင်းရိုက်ခြင်ကို ခံနေရသည်တဲ့လား။

အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကိုယ်တိုင်လည်း အံသြသွားရလေသည်။

သူ့အနေနှင့် မခုခံချင်၍မဟုတ်ဘဲ မခုခံနိုင်သောကြောင့်ပင်။

သူ့ရှေ့ရှိလူငယ်က သူ့အဝတ်အစားများကို ဆုပ်ကိုင်ထားသည်မှာ အန္တိမအတားအဆီးတစ်ခုကို သူ့ကိုယ်ပေါ်ချထားလိုက်သည့်အလားပင်။ သူ့မှာ သူ့ကျင့်ကြံစဉ်များကိုပင် ထုတ်မသုံးနိုင်ပေ။

မူလအတိုင်းဆိုလျှင် သူသည် ခေါင်းရိုက်ခံရလျှင်ပင် ဘာမှခံစားရမည်မဟုတ်ချေ။

သူတို့လိုအဆင့်မြင့်ပညာရှင်များသည် ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်ကို အမြဲချထားတတ်ကြသည်။

သို့သော် လုချန်ရှန်း၏လက်သည် ထိုအကာအကွယ်အလွှာကို ဖြတ်သန်းသွားပုံရပြီး သူ့ခေါင်းပေါ်သို့ ကျရောက်လာချေသည်။

လုချန်ရှန်းသည် ပြတ်သားရှင်းလင်းလှသောထိုအသံကို ကြားလိုက်ရသောအခါ  ခံစားချက်များကောင်းမွန်သွားရသည်။

သူသည် မသိလိုက်မသိဘာသာဖြင့်မေးလိုက်မိသည်။

"မင်းရဲ့ဖရဲသီးက... မှည့်ပြီလား"

အရိပ်လုပ်ကြံရေးဗိမာန်အရှင် : "???"

အနက်ရောင်ဝတ်စုံဝတ်ထားသောအမျိုးသား : "???"

ငါ့တပည့်တွေက ဘုရင်တွေ Unde poveștirile trăiesc. Descoperă acum