အပိုင်း 39+40

312 29 0
                                    

အခန်း ၃၉- လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား

မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၌..

ကျန်းချောင်မြန်သည် ဓားသိုင်းခန်းမဆီမှ အသိအမှတ်ပြုခံရချိန်မှာ ကျောင်းတော်ထဲကိုရောက်တာ တစ်နှစ်သာရှိသေးသည်။ သူသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ဓားသိုင်းတာအိုပါရမီရှင်ဟုလည်း လူသိများသည်။

ဤအခိုက်အတန့်တွင် သူသည် ဓားသိုင်းအဘိညာဉ်ကိုသိမြင်ရန် လက်တစ်ကမ်းအလိုတွင် ရှိသည်။

ဘယ်လိုအရည်အချင်းမျိုးလေလဲ...။

နေမဝင်အင်ပါယာ၏မင်းသားများပင် ကျန်းချောင်မြန်ကို သူတို့နှင့်တန်းတူရည်တူဆက်ဆံရသည်။

ယခင်က နေမဝင်အင်ပါယာ၏အရှင်သခင်သည် ကျန်းချောင်မြန်ကို နေမဝင်အင်ပါယာသို့ဝင်ရောက်ရန် ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်ခဲ့ပြီး သူ၏ကျင့်ကြံရေးအတွက်လည်း အရင်းအမြစ်များစွာကို ထောက်ပံ့ပေးခဲ့သည်။

သို့သော် ကျန်းချောင်မြန်သည် ဓားသိုင်းကျင့်ကြံရေးကိုသာ အာရုံစိုက်နေပြီး တော်ဝင်နန်းတော်သို့ မဝင်ချင်သောကြောင့် တစ်ဖက်လူလက်လျှော့သွားခဲ့ခြင်းပင်။

ကျန်းချောင်မြန်၏မျက်နှာသည် အမူအရာကင်းမဲ့နေ၏။။ သူ ဝမ်းနည်းနေလား၊ ပျော်ရွှင်နေလားဆိုသည်ကို တပ်အပ်မပြောနိုင်ပေ။ သူက ယဲ့ချိုးပိုင်ကိုကြည့်ပြီး စကားဆိုလိုက်၏။

"ငါ့မှာ ဓားသိုင်းနှလုံးသားလုံလုံလောက်လောက်မရှိဘူး။ ငါ့ကိုယ်ငါရှက်မိပါတယ်" လို့ပြောလိုက်တယ်။

ယဲ့ချိုးပိုင်သည် ကျန်းချောင်မြန်ကို သေချာကြည့်လိုက်သည်။ ဒီလူကလည်း သူ့လူပဲလား...

ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်၏အတွေးများကိုရိပ်မိပြီး ခေါင်းယမ်းလိုက်သည်။

"စိတ်မပူပါနဲ့။ ငါဘယ်သူ့ဆီကအမိန့်ကိုမှ နာခံနေတာမဟုတ်ပါဘူး"

သူ့လေသံက သာမန်ဆန်လှသော်ငြား ဂုဏ်ယူဝင့်ကြွားမှုအပြည့်ပင်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မျက်ကန်းမာနမျိုးမဟုတ်ချေ။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့မာနက သူ့ကို ထိုသို့ပြုလုပ်ရန် ခွင့်မပြုသောကြောင့်ပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now