အပိုင်း 105

201 31 0
                                    

အပိုင်း ၁၀၅ : ဆေးဝါးဖော်စပ်ရေးအောင်မြင်ခြင်း

အဂ္ဂိရတ်ညီလာခံကျင်းပရာနေရာ၌...

လုချန်ရှန်းတစ်ယောက်သာ ဆေးများကိုမအပ်ရသေးခြင်းဖြစ်၏။

ဤလူက နောက်ဆုံးအမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်ရောက်မှ ဆေးစတင်ဖော်စပ်သူဖြစ်လေရာ လူတိုင်းကလည်း စောင့်ကြည့်နေကြသည်။

ထို့နောက် သူ ယုံနိုင်ဖွယ်ရာမရှိသောအမြန်နှုန်းဖြင့် ဆေးဝါးဖော်စပ်၍ပြီးစီးသွားလေသည်။

ဤဆေးက အောင်မြင်မလား။ ကျရှုံးလေမလား။

လူတိုင်းနီးပါးကတော့ အောင်မြင်နိုင်စရာအကြောင်းမရှိဟု တွေးထားကြသည်။

ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့် ဆေးဝါးသန့်စင်ပြီးသွားကြသော အခြားလူများကလည်း အတွေးအတူတူပင်။

မုဝမ်အာက လုချန်ရှန်း၏နောက်ကျောကိုကြည့်၍ မေးလိုက်၏။

"ဦးလေးလီ.. ဦးလေးအောင်မြင်မယ်လို့ထင်လား"

ဦးလေးလီက တွေးပင်တွေးမနေဘဲ ခေါင်းခါပြပြီးပြော၏။

"တစ်ကျော့ပြန်မီးတောက်ဆေးဝါးက စိတ်တန်ခိုးရှင်အဆင့်ပဲရှိတဲ့ဆေးဝါးဆိုပေမဲ့ မိသားစုထဲက အဂ္ဂိရတ်ပညာရှင်တွေတောင် သန့်စင်မွမ်းမံဖို့ အချိန်နည်းနည်းယူရတယ်"

"ဒီလူက မြန်ပေမဲ့ ဆေးဝါးကိုရောနှောဖော်စပ်တယ်ဆိုတာ အသေးစိတ်ကျတဲ့လုပ်ငန်းစဉ်တစ်ခုပဲ။ ဘာအမှားတစ်ခုမှရှိလို့မရဘူး"

"အဲ့ဒီတော့..."

ဦးလေးလီက သူ့စကားကိုအပြီးမသတ်လိုက်သော်ငြား မုဝမ်အာကတော့ ဦးလေးလီက လုချန်ရှန်းအောင်မြင်လိမ့်မည်ဟုထင်မထားကြောင်း သေချာပေါက်ပြောနိုင်သည်။

ဟူချင်းကမူ မအံ့သြမိပေ။ ဤရက်အတွင်းမှာ လုချန်ရှန်း ဆေးဝါးရောနှောဖော်စပ်သည်ကို မြင်ဖူးထားသည်။ ဤအရှိန်က နှေးနေသေးသည်ဟုဆိုနိုင်လေသည်။

ထိုအချိန်မှာ လုချန်ရှန်းက ဆေးကို အကြီးအကဲဆီသို့လှမ်းပေးလိုက်ပြီဖြစ်၏။

အကြီးအကဲကလည်း လှမ်းကြည့်ပြီး လက်ခံလိုက်၏။

အစကမူ သူ့ပုံစံမှာ ပဟေဠိဖြစ်နေဟန်ပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now