အပိုင်း 8

322 35 0
                                    

အခန်း(၈) : သိုင်းပညာယှဉ်ပြိုင်ပွဲ

ယဲ့ချိုးပိုင်၏နာမည်က ကျောင်းတော်ကြီးတစ်ခုလုံးကို လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

ထိုပုဂ္ဂိုလ်၏ခွန်အားကြောင့် လူပေါင်းမြောက်များစွာ အံ့အားသင့်သွားကြလေသည်။

သူသည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မျှဖြင့် ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်ထားပုံပင်။

ဓားသိုင်းခန်းမ၌..

ရှင်းဟုန်ယီလည်း ထိုသတင်းကိုကြားလိုက်သည်။

"အဲ့ဒါ ဟိုနေ့တုန်းကမှ စံအိမ်တော်ကိုခေါ်လာတဲ့တပည့် ယဲ့ချိုးပိုင်ဆိုတာလား"

"ဒါပေမဲ့ သူတောင်လုပ်နိုင်ရင် ငါလည်း သေချာပေါက် သူ့ထက်သာအောင်လုပ်နိုင်တယ်"

"အဲ့ဒီနေ့က ကျွန်မကို တပည့်အဖြစ်လက်မခံလိုက်တဲ့အတွက် ရှင် ဘယ်လောက်တောင်ဆုံးရှုံးနစ်နာသွားလဲဆိုတာ သဘောပေါက်သွားအောင်လုပ်ပေးမယ်"

ထို့နောက် ရှင်းဟုန်ယီသည် ဓားတစ်လက်ကိုကောက်ကိုင်လိုက်ပြီး သိုင်းပညာယှဉ်ပြိုင်ပွဲကြိုးဝိုင်းဆီကို ဦးတည်သွားလေတော့သည်။

ထိုနေ့က ရှင်းဟုန်ယီ၏နာမည်သည်လည်း ကျောင်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားချေသည်။

ပြိုင်ပွဲဆယ်ပွဲ.. အနိုင်ပွဲဆယ်ပွဲ.. အားလုံး အမှောက်သိပ်ခံလိုက်ရတယ်။

ရှင်းဟုန်ယီသည် ယှဉ်ပြိုင်ပွဲကြိုးဝိုင်းပေါ်မှာတင် သိုင်းပညာယှဉ်ပြိုင်ပွဲမှာ သူ(မ) ယဲ့ချိုးပိုင်ကိုစိန်ခေါ်လိုကြောင်း ကြေညာလိုက်သည်။

လူအပေါင်းဟာ အော်ဟစ်ကြွေးကြော်ကြလေတော့သည်။

တစ်ဖက်မှာတော့ သိုင်းပညာခန်းမထဲရှိ ခြံဝင်းတစ်ခုအတွင်းမှာ ယဲ့ယန်သည် ကျောက်သားထိုင်ခုံပေါ်ထိုင်လျက် ဇဝေဇဝါဖြစ်နေရှာသည်။

"ယဲ့ချိုးပိုင်..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုများဖြစ်နိုင်မှာတဲ့လဲ"

ယဲ့ချိုးပိုင်၏စွမ်းရည်များ ပျောက်ကွယ်သွားပြီး ကျင့်ကြံစဉ်များဆုံးရှုံးလိုက်ရသည့်မြင်ကွင်းကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီးသားပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now