အပိုင်း 77

257 29 0
                                    

အခန်း ၇၇ : ပျံလွှားတိမ်တိုက်စင်မြင့်ထက်က သေရေးရှင်ရေး

ဟွမ်းကျန်းကျန့်တဲ့လား။

နေမဝင်အင်ပါယာနှင့်သူ့ကြားရှိဆက်ဆံရေးက ဘယ်လိုပါလိမ့်ဟု ယဲ့ချိုးပိုင် အရင်တွေးလိုက်မိသည်။

ကျန်းချောင်မြန်သည် ဟွမ်းကျန်းကျန့်ကို သိပုံရသည်။ သူသည်လည်း မြောက်ပိုင်းဒေသကပင်။

"နေမဝင်အင်ပါယာရဲ့နံပါတ်တစ်ပါရမီရှင် မင်းသားဟွမ်းကျန်းကျန့်ပဲ။ ဒါပေမဲ့ သူက နိုင်ငံရေးကိုစိတ်မဝင်စားဘဲ သိုင်းပညာကျင့်ကြံတယ်"

"သူက လျှို့ဝှက်တာအိုကျောင်းတောထရဲ့ပင်မအိမ်တော်ထဲကိုဝင်ဖို့ သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ အရည်အချင်းတွေကိုပဲအားကိုးခဲ့တာ"

ယဲ့ချိုးပိုင် ခပ်ယဲ့ယဲ့ခေါင်းညိတ်ပြလိုက်သည်။

ဟွမ်းကျန်းကျန့်ကလည်း ယဲ့ချိုးပိုင်ကိုကြည့်ပြီး ပြောလိုက်သည်။

"ထျန်းမင်ဆီက မင်းအကြောင်းတွေကြားထားတယ်။ မင်းနဲ့ငါရန်ငြိုး မရှိပေမဲ့ နေမဝင်အင်ပါယာက ငါ့ရဲ့အိမ်ပဲ။ ဒီတော့ တိုက်ခိုက်ကြရအောင်"

ယဲ့ချိုးပိုင်က မငြင်းခဲ့ပေ။

ပြဿနာကို ချက်ချင်းဖြေရှင်းလိုက်သည်မှာ ပိုကောင်းလေသည်။

"ဘယ်မှာလဲ"

ဟွမ်းကျန်းကျန့်က ခေါင်းညိတ်ပြပြီးပြောသည်။

"အကယ်ဒမီကလူတွေရဲ့အမုန်းတရားတွေကိုဖြေရှင်းဖို့ နေရာတစ်ခုရှိတယ်။ ငါနဲ့လိုက်ခဲ့"

ဤသို့ဖြင့် သူ လှည့်ထွက်သွားသည်။

ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့က အနောက်ကလိုက်လာကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောလူအပေါင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

"ဟွမ်းကျန်းကျန့်က ယဲ့ချိုးပိုင်ကိုစိန်ခေါ်ချင်တာလား"

"ကြည့်ရတာ ရန်ငြိုးရန်စရှိထားပုံပဲ"

"ယဲ့ချိုးပိုင်က ဟွမ်းကျန်းကျန့်ကိုယှဉ်နိုင်ပါ့မလားဆိုတာကို ငါသိချင်မိတယ်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now