အပိုင်း 95

237 28 0
                                    

အခန်း ၉၅ : လျှို့ဝှက်ဓားသွားဂိုဏ်း

လျှို့ဝှက်ဓားသွားဂိုဏ်း

အဓိကဂိုဏ်းနှစ်ခုထဲမှတစ်ခုတစ်ဖြစ်လဲ အလယ်ပိုင်းဒေသရှိအင်အားစုများမှာ မွန်းတည့်ကောင်းကင်ထက်ရှိနေတစ်စင်းအလားပင်။

တစ်ချိန်တည်းမှာပင် ဤကမ္ဘာပေါ်ရှိဓားသိုင်းကျင့်ကြံသူတိုင်း တောင့်တနေကြရသော မြင့်မြတ်သည့်နယ်မြေလည်းရှိသေးသည်။

ယဲ့ချိုးပိုင်တို့ လျှို့ဝှက်ဓားသွားဂိုဏ်းကိုရောက်လာချိန်မှာ ၎င်း၏အခြေခံကိုအာရုံခံစားလိုက်မိသည်။

လျှို့ဝှက်ဓားသွားဂိုဏ်းမှာ တောင်တခု၌တည်ရှိလေသည်။

ဤတောင်မှာ  ကောင်းကင်ဆီသို့ဆန်တက်နေသော ထက်ရှရှဓားတစ်လက်နှယ်။

၎င်းသည် အနှိုင်းမဲ့မြင့်မားလှ၏။

တောင်၏ထိပ်ဦးပိုင်းကို တိမ်တိုက်များကဖုံးအုပ်ထားသည်။

ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်မိလေရာ ဤဓားတောင်စွန်းထဲရှိ ဓားဆန္ဒမှာ အလွန်အမင်းထက်ရှနေကြောင်း အာရုံခံလိုက်မိသည်။

ထိုဓားသွားမှာ အန္တိမဂမ္ဘီရဓားတစ်လက်နှင့် အလားသဏ္ဌာန်တူလှ၏။

လျန်ဖန်းက ရှင်းပြလိုက်သည်။

"လျှို့ဝှက်ဓားသွားဂိုဏ်းကို သုံးနေရာခွဲထားတယ်။ တောင်ခြေမှာ အပြင်စည်း တပည့်တွေနေရတယ်"

"တောင်တန်းရဲ့အလယ်မှာ အတွင်းစည်းတပည့်ရှိတယ်"

"ပြီးတော့ တောင်ထိပ်နားမှာ သီးသန့်တပည့်တွေနေရတယ်။ တောင်ပေါ်မှာကတော့ ဂိုဏ်းရဲ့အကြီးအကဲတွေနဲ့ ဂိုဏ်းခေါင်းဆောင်နေတာ"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။

လျန်ဖန်းကလည်း ဆက်ပြောသည်။

"ပြီးတော့ တပည့်တွေအနေနဲ့ တောင်ပေါ်တက်ချင်တယ်ဆိုရင် ဂိုဏ်းရဲ့ အထောက်အကူပစ္စည်းတွေကိုလိုတဲ့အပြင် သူတို့ရံ့ ဓားသိုင်းတာအိုအပေါ်လည်း မှီခိုမှရမယ်။ နှစ်ခုစလုံးမရှိဘူးဆိုရင်တော့ တောင်ပေါ်တက်လို့မရဘူး"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now