အပိုင်း 102

205 28 0
                                    

အခန်း ၁၀၂ : ဒါက စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးရော ဟုတ်သေးရဲ့လား

သိုးသားရေစာလိပ်သုံးခုပေါ်တွင် စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါး၊ ချီစွမ်းအင်ပေါင်းစည်းရေးဆေးဝါးနှင့် အစစ်အမှန်ယန်စွမ်းအင်ဆေးဝါးတို့ရှိ၏။

ထိုဆေးသုံးမျိုးလုံးဟာ စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးများဖြစ်ကြသည်။

စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးမှာ အဆင့်နိမ့်ဆေးဝါးပြီး ချီစွမ်းအင်ပေါင်းစည်းရေးဆေးဝါးက အလယ်အလတ်အဆင့်ဖြစ်သည်။ အစစ်အမှန်ယန်စွမ်းအင်ဆေးဝါးကမူ အဆင့်မြင့်ဆေးဝါးဖြစ်သည်။

လုချန်ရှန်း တစ်ချက်ကြည့်လိုက်ပြီးနောက် စဉ်းစားမနေဘဲ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးကို ရွေးချယ်လိုက်သည်။

ဟူချင်း : "..."

မည်သို့ပင်ဖြစ်စေ သူ အဂ္ဂိရတ်ဆရာသခင်တစ်ယောက်ဖြစ်ရန်သာလိုပေသည်။

သူ ဘာလို့ ပိုခက်တဲ့တစ်ခုကိုရွေးလိုက်တာလဲ...

အဘိုးအိုက ဘာမှပြောမလာချေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့သိုလောင်ရေးလက်စွပ်ထဲမှ ပစ္စည်းများကိုထုတ်လိုက်သည်။

"ပစ္စည်းတွေက ငါးစုံစာရှိတယ်။ ဒီငါးကြိမ်အတွင်း မင်း ဆေးဝါးဖော်စပ်မှုကိုအောင်မြင်ရင်ရပြီ"

လုချန်ရှန်းက ဆေးဖော်စပ်နည်းကိုကြည့်လိုက်သည်။

ထို့နောက် သူ ပစ္စည်းများကိုကောက်ကိုင်လိုက်ပြီး စတင်ဖော်စပ်တော့သည်။

ဤဆေးကို သူ ယခင်က တစ်ခါမှမဖော်စပ်ဖူးချေ။

သို့သော် ဝိညာဉ်ရေးရာချီစွမ်းအင်ကိုအားဖြည့်ရန်အတွက် အသုံးပြုသောဆေးဖြစ်နေလေရာ လုချန်ရှန်းကလည်း ထိုဆေးနှင့်ဆင်တူသောအရာကို ယခင်ကဖော်စပ်ဖူးထားသည်။

ယဲ့ချိုးပိုင်၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းသက်သာလာစေနိုင်ခဲ့သည့်ဆေးဝါးကို လုချန်ရှန်းဖော်စပ်ခဲ့ခြင်းပင်။

၎င်းတို့မှာ အတူတူနီးပါးပင်။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် လုချန်ရှန်း ပစ္စည်းများကိုကောက်ယူလိုက်ပြီး စတင်မွမ်းမံလေတော့သည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now