အပိုင်း 96

211 28 0
                                    

အခန်း ၉၆ : ဓားသင်္ချိုင်း

လျှို့ဝှက်ဓားသွားဂိုဏ်း၏စိတ်တန်ခိုးရှင်အဆင့် ဓားသင်္ချိုင်း

လျှို့ဝှက်ဓားသွားဂိုဏ်း၏ပညာရှင်များ ဆုံးပါးသွားသည့်အခါ သူတို့၏ဓားများက ဓားသင်္ချိုင်းဆီသို့ ပြန်လာကြသည်။

ထိုပေါ်တွင် အမွေအနှစ်တစ်ခုပင် ရှိနေနိုင်သည်။

ဓားသင်္ချိုင်းထဲမှာ ဓားသိုင်းပညာရှိတစ်ဦး၏ဓား ရှိသည်ဟု ကောလာဟလထွက်ထားသည်။

ထိုဓားမှာ ဤပြည်မကြီးရှိ နောက်ဆုံးသောဓားသိုင်းပညာရှိ၊ လျှို့ဝှက်ဓားသွားဂိုဏ်းကိုတည်ထောင်သူ၊ လျှို့ဝှက်တိမ်တိုက်ဓားသိုင်းပညာရှိ၏ဓားဟုလည်း ဆိုကြသည်။

ဓားသင်္ချိုင်း၏တည်နေရာမှာ အစွန်အဖျားနားတွင် မဟုတ်ပေ။

၎င်းသည် ဓားသွားတောင်အတွင်းပိုင်း၌ တည်ရှိခြင်းဖြစ်၏။

သူ့အနေနှင့် ဓားသွားတောင်၏ထိပ်မှ ဝင်ရပေလိမ့်မည်။

လမ်းတစ်လျှောက်တွင် လျန်ဖန်းက ရှင်းပြလေ၏။

"ဓားသွားတောင်စွန်းမှာ ဓားဆန္ဒတွေစီးဆင်းနေရတဲ့အကြောင်းအရင်းက ဓားသွားတောင်စွန်းထဲက ဓားသင်္ချိုင်းကြောင့်ပဲ"

ဓားသွားတောင်စွန်းရှိ ဓားဆန္ဒများပင် ဤမျှကြီးကျယ်ခမ်းနားနေပါက ဓားသင်္ချိုင်းထဲမှာဆိုလျှင် မည်မျှများပြားလိုက်လေမလဲ...

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်ပြီးပြော၏။

"ဓားသင်္ချိုင်းထဲမှာ တားမြစ်ချက်တစ်ခုတလေးများရှိလား"

လျန်ဖန်းကပြုံးလျက် ပြောလာသည်။

"ဘာတားမြစ်ချက်မှမရှိပါဘူး။ မင်း အထဲဝင်သွားတာနဲ့ သဘောပေါက်လိမ့်မယ်"

"ဒါပေမဲ့ ဓားဆန္ဒကို မင်းခံနိုင်ရည်မရှိရင် နောက်ပြန်ဆုတ်ဖို့မမေ့နဲ့နော်။ အဲ့လိုမှမဟုတ်ရင် ဓားဆန္ဒကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလိမ့်မယ်"

ယဲ့ချိုးပိုင် မေးလိုက်လေသည်။

"မင်းကရော ဝင်ပြီးပြီလား"

ငါ့တပည့်တွေက ဘုရင်တွေ Onde as histórias ganham vida. Descobre agora