အပိုင်း 18

291 29 0
                                    

အခန်း(၁၈) : အစိမ်းရောင်တိမ်တိုက်ဓားသွား ပေါ်ထွက်လာခြင်း

အငွေ့အသက်က အလွန်ထူးဆန်းနေချေသည်။

ယဲ့မိသားစုသည် ယခုအချိန်တွင် အလွန်တိတ်ဆိတ်နေသည်။ လူတိုင်းကလည်း လျှို့ဝှက်ဆန်းကြယ်သောအဘိုးအိုကို ကြည့်နေကြသည်။

သူ့မျက်လုံးများက မှိုင်းညို့နေလေသည်။ သူသည် လက်ကို အနည်းငယ်မြှောက်လိုက်ပြီး လက်နှစ်ချောင်းတည်းဖြင့် မှော်နက်ဓားသွားချီစွမ်းအင်များနှင့် ပြည့်နှက်နေသောသစ်သားဓားကို လွယ်လင့်တကူဖမ်းဆုပ်ထားလိုက်သည်။

ယဲ့ချိုးပိုင်မှာ မျက်မှောင်ကြုတ်မိသွားသည်။ သူသည် လက်ထဲရှိ သစ်သားဓားရှည်ကို ရှေ့ကိုဆန့်ထုတ်လိုက်သည့်အခါ မိစ္ဆာချီစွမ်းအင်များက ပေါက်ကွဲထွက်လာပြန်သည်။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား..။

တတိယမြောက်ရိုက်ချက်..။

လက်ရှိတွင် ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သောကြောင့် သူ၏စွမ်းအားသည် ယခင်ကနှင့်မတူတော့သည်မှာ သဘာဝကျလှသည်။

သို့သော်လည်း သူ့ဓားကို အဘိုးအိုက လက်ချောင်းများကြားတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားနိုင်ဆဲပင်။

အဘိုးအိုက သက်ပြင်းချလိုက်သည်။

"ကြိုးစားမနေနဲ့တော့။ မင်း ငါ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး"

ထိုစကားကိုပြောပြီးနောက် သူသည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေရာ ယဲ့ချိုးပိုင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ နောက်ပြန်ဆုတ်သွားရလေသည်။

ယဲ့ချင်းသည် ယဲ့ချိုးပိုင်၏အရှေ့မှာရပ်လိုက်ပြီး အဘိုးအိုကိုကြည့်နေရင်း သူ့အမူအရာက လေးနက်နေခဲ့သည်။

"ဘိုးဘေး"

ယဲ့လင်း၊ ယဲ့ယန်နှင့် ယဲ့မိသားစုမှအကြီးအကဲများသည် အဘိုးအိုကို ရိုသေစွာဦးညွှတ်လိုက်ကြပြီး "မင်္ဂလာပါ ဘိုးဘေး" ဟု ဆိုလေသည်။

အမှန်ပင်။ ဤအဘိုးအိုသည် ယဲ့မိသားစု၏ခွန်အားအဆင့်အမြင့်ဆုံးဘိုးဘေးတစ်ပါးပင်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now