အပိုင်း 35+36

316 24 0
                                    

အခန်း ၃၅- တပည့်တစ်ဦးကို ခေါ်ဆောင်လာခြင်း၊ စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာခြင်း

ယဲ့ချိုးပိုင် နေအိမ်မှထွက်ခွာသွားပြီးနောက် လုချန်ရှန်းသည် တပည့်များထပ်မံခေါ်ယူပါက ဆုလာဘ်များလည်း ပိုမိုရရှိနိုင်မည်ဟု တွေးမိလိုက်သည်။

ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းမှာ ​လျှို့ဝှက်တာအိုကျောင်းတော်ကထွက်လာခဲ့ပြီး နယ်မြေလေးခုဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

အမွှေးတိုင်မီးရှို့သလောက်သာကြာသည့်အချိန်အတွင်းမှာပင် သူသည် တောင်ပိုင်းဒေသရှိ ချောင်ကြိုချောင်ကြားများထဲအထိပါ ရောက်ခဲ့သည်။

မြောက်ပိုင်းနယ်မြေထဲကို သူ ရောက်လာပြီး ဤတောင်တန်းငယ်လေးကို ဖြတ်သွားချိန်မှာမူ စနစ်ဆီမှအသံတစ်သံ ထွက်ပေါ်လာလေတော့သည်။

[လုပ်ဆောင်ရမည့်တာဝန် ; တပည့်တစ်ယောက်လက်ခံရန် မြစ်ဝှမ်းရွာသို့သွားပါ]

[အမည် : နင်ချန်းရှင်း]

[စွမ်းရည် : SSS အဆင့်]

[အထုံပါရမီ : အထက်တန်းစားစိတ်ဝိညာဉ်၊  စာပေကြယ်ပွင့်တစ်ပွင့် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခြင်း၊ ဧကရာဇ်ဖြစ်ရန် အရည်အချင်းရှိသူ]

ကောင်းလိုက်တာ.. ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ နောက်ထပ်တစ်ယောက်ပဲ..

ဤသို့ဖြင့် ယခုလိုဖြစ်ပွားလာရခြင်းပင်။

နင်ချန်းရှင်းသည် သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး လေထဲတွင်လွင့်မျောနေသော လုချန်ရှန်းကို ကြည့်လိုက်ပြီး အံ့သြမှင်တက်စွာပြောလိုက်၏။

"အမတအရှင်သခင်.. သင်က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ပေမဲ့ ကျွန်တော်က သိုင်းပညာမကျင့်ကြံနိုင်ပါဘူး"

လုချန်ရှန်းက တခစ်ခစ်ရယ်လိုက်သည်။

"ဒါဆို မင်း တာအိုဆိုတာကို ဘယ်လိုယူဆထားလဲ"

ထိုအရာကိုကြားတော့ နင်ချန်းရှင်း အံ့သြသွားသည်။

တာအိုက ဘာလဲ။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now