အပိုင်း 25+26

308 37 0
                                    

အခန်း(၂၅) : ကောင်းကင်ဘုံမိစ္ဆာ အဆုံးအဖြတ်

သွေးအကျဉ်းထောင် စိတ်တန်ခိုးရှင်အဆင့်ကို အသက်သွင်းရန်မှာ ရေအလျဉ်ပြည့်လျှံရေးအဆင့်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပေသည်။

ခေါင်းဆောင်ရူသည် လေထဲကိုပျံသန်း၍ ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိသော အခြားပညာရှင်များနှင့်အတူ ခွန်အားများပူးပေါင်းလိုက်ပေသည်။ ရုတ်ခြည်းပင် ဤကမ္ဘာမြေထက်ဝယ် သွေးရောင်လွှမ်းသွားချေတော့သည်။

သွေးရောင်လွှမ်းနေသည့်မြေပြင်သည် သူ့အရှေ့မှာပင် အနန္တအက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။

တစ်ချိန်တည်း၌ သွေးရောင်လွှမ်းသောမြေပြင်၏ အစွန်းတစ်ဖက်တွင် အကျဉ်းထောင်များ ပေါ်ပေါက်လာ၏။

အကျဉ်းထောင်များထဲတွင် အရိုးခြောက်များလည်း ရှိနေသည်။

အရိုးပေါင်းမြောက်များစွာသည် ပကတိဖိအားတစ်မျိုးကို ထုတ်လွှတ်နေချေသည်။ အပြည့်အ၀အသက်မသွင်းရသေးလျှင်ပင် ထိုအရာကို ခံစားသိရှိနိုင်ပေသည်။

ခေါင်းဆောင်ရူသည် လေထုအလယ်တွင်ရပ်လျက် ရှင်းပြသည်။

"စိတ်တန်ခိုးရှင်အဆင့်ဆိုတာ ခရမ်းရောင်ဘုံဗိမာန်အဆင့်ထက်နိမ့်တဲ့လူတွေကိုပဲလက်ခံတာ။ ခရမ်းရောင်ဘုံဗိမာန်အဆင့်ထက်ကျော်နေရင် စိတ်တန်ခိုးရှင်အဆင့်ဖိအားတစ်ရပ်ရဲ့တိုက်ခိုက်မှုကို ခံရလိမ့်မယ်"

"ခဏနေရင် မင်းတို့၀င်လို့ရပြီ။ ဒါပေမဲ့ တစ်လအတွင်း ပြန်ထွက်လာမှရမယ်။ မဟုတ်ရင်တော့ စိတ်တန်ခိုးရှင်ဘုံက ပိတ်သွားပြီး မင်းတို့လည်း အထဲမှာပဲပိတ်မိနေလိမ့်မယ်"

"အထဲမှာပိတ်မိပြီဆိုတာနဲ့ ဒါကြီးပြန်ပွင့်ဖို့ နောက်တစ်နှစ်ထပ်စောင့်ရမှာ။ သေချာတာကတော့ အဲဒီမတိုင်ခင် မင်းတို့အသက်ရှင်ကျန်ရစ်ဖို့ မဖြစ်နိုင်လောက်ဘူး"

တပည့်တပန်းအမြောက်အမြားမှာ အထဲကို ၀င်သွားလေတော့သည်။

ထျန်းယွမ်မင်းဆက်၏ ဆဋ္ဌမမင်းသား ထျန်းမင်သည် ယဲ့ချိုးပိုင်ကို နားလည်ရခက်သောအကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။

ငါ့တပည့်တွေက ဘုရင်တွေ Onde as histórias ganham vida. Descobre agora