အပိုင်း 100

241 23 0
                                    

အခန်း ၁၀၀ : ဒုတိယအသက်ဓာတ်နယ်မြေ

"မင်းက ဒီကိုရောက်လာတဲ့သူမလား"

ထိုဝိညာဉ်က ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလေသည်။

"မင်းက ငါ့ရဲ့လျှို့ဝှက်ဓားသွားဂိုဏ်းကတပည့်လား"

ယဲ့ချိုးပိုင် ခေါင်းခါပြလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ဝိညာဉ်က တစ်စုံတစ်ရာအံ့သြဟန်မပြလာချေ။

"မဟုတ်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းဆီကနေ ရင်းနှီးနေတဲ့တစ်စုံတစ်ယောက်ရဲ့အရှိန်အဝါတွေ အာရုံခံမိတယ်"

"အဲ့ဒါ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနဲ့ ဓားသွားပိုင်နက်နယ်မြေလား"

"မင်း သူတို့ရဲ့အမွေအနှစ်တွေကိုရခဲ့တယ်ပေါ့"

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါဆိုရင် မင်း ငါ့အရှေ့မှာမတ်တတ်ရပ်နေနိုင်တာ မဆန်းပါဘူး"

ဝိညာဉ်က ပြုံးလျက်ပြောလာလေသည်။

"မင်း သူတို့နှစ်ယောက်ဆီက အသိအမှတ်ပြုခံထားရပြီဆိုကတည်းက မင်းရဲ့ပင်ကိုစရိုက်နဲ့စွမ်းရည်က သံသယဖြစ်စရာမလိုတော့ဘူး။ ငါ့ရဲ့အမွေအနှစ်အတွက်လည်း ငါ မင်းကိုယုံတယ်"

ဤသို့ဖြင့် ထိုဝိညာဉ်က သူ့လက်ချောင်းကိုမြှောက်ကာ ယဲ့ချိုးပိုင်၏မျက်ခုံးနှစ်ဖက်ကြားနေရာကို ထိလိုက်လေသည်။

သတင်းအချက်အလက်များက ယဲ့ချိုးပိုင်၏အာရုံထဲကို စီးဝင်လာသည်။

"ငါ့ရဲ့သိုင်းပညာကျင့်စဉ်က နည်းနည်းတော့ထူးခြားကောင်းထူးခြားနိုင်တယ်။ အဲ့ဒါက ဓားတွေကိုစုဆောင်းဖို့ ငါ့ရဲ့အသက်ဓာတ်နယ်မြေကိုသုံးထားတာ"

"မင်း ဓားသင်္ချိုင်းထဲက တိုးတက်မှုဖြစ်စဉ်ကို ခံစားကြည့်ပြီးပြီမဟုတ်လား"

ယဲ့ချိုးပိုင် သူ့အသက်ဓာတ်နယ်မြေကိုကြည့်လိုက်သဘ်။ ထိုအခိုက်အတန့်တွင် သူ့အသက်ဓာတ်နယ်မြေထဲ၌ ဓားအသေးတစ်လက် စင်စစ်ရှိနေချေ၏။

ထိုဝိညာဉ်က ရှင်းပြသည်။

"ငါ့တစ်ဘဝလုံးရဲ့ဓားသိုင်းဥပဒေသတွေက ဒီဓားထဲမှာရှိတယ်"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now