အပိုင်း 90

274 28 1
                                    

အခန်း ၉ဝ : ဆုလာဘ်ကိုလက်ခံခြင်း၊ အထွတ်အမြတ်ကိုယ်ထည်

အချိန်များ နောက်ကြောင်းပြန်ခြင်း...

အလယ်ပိုင်းဒေသရှိ ကြီးမားလှသောအဖြူရောင်တောင်တန်းနယ်မြေ၌...

တောင်တန်းနယ်မြေ၏ ဟိုးအတွင်းပိုင်းထဲတွင် မဟူရာမီးလျှံများတောက်လောင်နေသော နေရာတစ်ခုရှိ၏။

ထိုနေရာတွင် ပတ်ပတ်လည်ရှိသစ်ပင်များလည်း မဟူရာမီးလျှံကြောင့် လောင်ကျွမ်းနေလေသည်။

မီးလောင်ပြင်ကြီး၏အလယ်တွင် အနက်ရောင်ကျောက်တုံးကြီးတစ်တုံးရှိ၏။

ရုတ်ခြည်းပင် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ဧရာမကျောက်တုံးကြီးဆီသို့ တိုးကပ်လာပြီး မေးစေ့ကိုပွတ်လိုက်သည်။

"အမ်"

"စနစ်ကပြောတာ ဒီနေရာပါ။ ဒါပေမဲ့ ဘာလို့ ကျောက်တုံးကြီးပဲရှိနေရတာလဲ"

ထိုလူမှာ လုချန်ရှန်းပင်။

လုချန်ရှန်း၏စကားအဆုံးမှာ ကျောက်တုံးထဲမှ လက်မောင်းတစ်ဖက်က ရုတ်တရက်ဖောက်ထွက်လာလေသည်။

အမည်းရောင်ကျောက်တုံးပေါ်မှာ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းလည်း ထိတ်လန့်သွားရသည်။

"ဒါက.. မျောက်တစ်ကောင်လား"

သူ အရှေ့ကိုလျှောက်လာလိုက်လေရာ အတွင်းဘက်ရှိ အသက်ဝင်နေသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်အမင်းမြူးထူးတက်ကြွနေသည်။

လုချန်ရှန်းလည်း အနက်ရောင်ကျောက်တုံးထဲတွင် တစ်စုံတစ်ခုရှိနေသည်ဟူသော ခပ်ဖျော့ဖျော့အာရုံတစ်မျိုးကို ခံစားမိလိုက်ပြန်သည်။

နှလုံးခုန်သံတစ်ခု ရှိနေလေသည်။

ဘန်း...

ဘန်း

ဘန်း

အနက်ရောင်ကျောက်တုံးပေါ်ရှိအက်ကွဲကြောင်းများ ပိုမိုကြီးမားလာချိန်မှာ နှလုံးခုန်သံကလည်း ပိုမိုကျယ်လောင်လာလေသည်။

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now